The network connection is lost.

Banner Image

ယူနိုက်တက်ကိုကျော်ဖြတ်ပြီး ကာရာဘောင်ဖလား တတိယအဆင့်မှာ ရှက်ဖီးလ်ဝင်းဒေးစ်နဲ့တွေ့ဆုံနေတဲ့ ဂရင်းစ်ဘီ

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ အင်္ဂလန်လိဂ်(၂) ကလပ် ဂရင်းစ်ဘီတောင်းဟာ မန်ချက်စတာယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူကျော်ဖြတ်ပြီး တတိယအဆင့်မှာတော့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝင်းဒေးစ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ 

ဂရင်းစ်ဘီဟာ ကာရာဘောင်ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အံ့အားသင့်စရာအကောင်းဆုံးနိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်ထိပ်သီးကလပ် ယူနိုက်တက်ကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်သို့ ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့ပါတယ်။ အခြားပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးဟာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး လက်ရှိကာရာဘောင်ဖလားချန်ပီယံ နယူးကာဆယ်ကတော့ လိဂ်ဝမ်းကလပ် ဘရက်ဒ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

ကာရာဘောင်ဖလား တတိယအဆင့်မှာ ပရီးမီးယားလိဂ်အသင်းတွေလည်း အချင်းချင်းထိပ်တိုက်တွေ့ဆုံနေကြပြီး ဘရန့်ဖို့ဒ်နဲ့အက်စ်တွန်ဗီလာ၊ ဝုဗ်နဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်နဲ့ မန်စီးတီးတို့ကတော့ ပေါ့ဗေးလ်၊ လင်ကွန်းစီးတီး၊ ဒွန်ကတ်စတာ၊ ဟက်ဒါဖီးလ်တို့နဲ့ အသီးသီးထိပ်တိုက်တွေ့ဆုံနေကြပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်ကတော့ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးနဲ့ကစားသွားရမှာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ မီဝေါလ်ကို အိမ်ကွင်းမှာဧည့်ခံယှဉ်ပြိုင်သွားရပါမယ်။ နောက်ထပ်ပွဲစဉ်တွေမှာတော့ ဘန်လေ၊ ဘရိုက်တန်နဲ့ ဖူလ်ဟမ်တို့က ကာဒစ်ဖ်၊ ဘန်စလေ၊ ကမ်းဘရစ်ချ်တို့နဲ့ ကစားသွားရပါမယ်။ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်တွေကို လာမယ့်စက်တင်ဘာလ ၁၅ ရက်နဲ့ ၂၂ ရက်ကြားမှာ ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ 

ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်များ 
ဝုဗ် - အဲဗာတန်
ခရစ္စတယ်ပဲလေ့စ် - မီဝေါလ် 
ဘန်လေ - ကာဒစ်ဖ် 
ဝရက်ဇ်ဟမ်း - ရီးဒင်း 
ဝီဂန် - ဝိုင်ကွန်းဘ် 
ဘန်စလေ - ဘရိုက်တန် 
ဖူလ်ဟမ် - ကမ်းဘရစ်ချ် 
ဆွမ်ဆီး - နော်တင်ဟမ်ဖောရက်စ် 
လင်ကွန်းစီးတီး - ချဲလ်ဆီး 
တော့တင်ဟမ် - ဒွန်ကတ်စတာ 
ဟက်ဒါဖီးလ် - မန်စီးတီး 
လီဗာပူး - ဆောက်သမ်တန်