The network connection is lost.

Banner Image

တပည့်ဖြစ်သူအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ဟိုဝီ

နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက တိုက်စစ်မှူး အီဆက်အခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နယူးကာဆယ်ဘက်ကတော့ လီဗာပူးအသင်းရဲ့ အီဆက်အတွက် ကနဦးကမ်းလှမ်းမှု ကို ပယ်ချထားပါတယ်။ အသက် ၂၅ နှစ်သားဟာ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်ပြီး အခုနွေရာသီမှာ အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

နယူးကာဆယ်ဘက်က အီဆက်ဟာ အသေးစားဒဏ်ရာကြောင့် အာရှခရီးစဉ်ကို မပါဝင်ခဲ့တာလို့ ထုတ်ပြန်ထားခဲ့ပါတယ်။ “ကျွန်တော်အခြေအနေအရ ပြောရမယ်ဆိုရင် အခုဖြစ်နေတာတွေက ကျွန်တော်နဲ့ အရမ်းဝေးနေပါတယ်။ မနေ့တုန်းကတော့ ကမ်းလှမ်းမှုပြုလုပ်ထားတယ်ဆိုတာ သတိထားမိပါတယ်။ကျွန်တော် အဲ့အကြောင်းမကြားခင်မှာ ကမ်းလှမ်းတာပယ်ချခံခဲ့ရပါတယ်။

အင်္ဂလန်မှာ အပြောင်းအရွှေ့အတွက် လုပ်ဆောင်နေတာပါ။ နောက်ဘာဖြစ်မလဲဆိုတာ ကျွန်တော်တကယ်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရှုထောင့်အရ အဲလက်စ်ကို ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ထောက်ပံ့ပေးထားဆဲပါ။ ကျွန်တော့်ဆန္ဒကတော့ သူ့ကိုအသင်းအကျီနဲ့ နောက်တစ်ကြိမ်ပြန်မြင်ချင်တာပါ။ အပြောင်းအရွှေ့တွေက ပြောရခက်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအခြေအနေမှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

ကျွန်တော်တို့ အရှိတရားအတိုင်းလုပ်ဆောင်ရပါမယ်။ အရှိတရားက လက်ရှိလီဗာပူးဘက်က ကနဦးကမ်းလှမ်းခဲ့ပါတယ်။ အဲ့တာက ပယ်ချခံရတယ်လို့ ကျွန်တော်ယုံပါတယ်။ ဒီအခြေအနေအရ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။ စိတ်ပျက်နေတဲ့ကစားသမားကို ကြိုးစားရာမှာ ဒီလိုတွေဖြစ်တတ်ပါတယ်။ ကျွန်တော့်ရှုထောင့်အရ ကျွန်တော်ပြောတာပါ။ ကျွန်တော်တို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ မှန်ကန်တဲ့အရာတွေလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ကစားသမားခေါ်ယူတာက အမြဲတမ်းရှုပ်ထွေးပါတယ်။ ကျွန်တော်တု့ိ လက်ရှိမှာတွေးနေတာကိုပဲ ကြိုးစားသင့်ပါတယ်။

အခြားအသင်းတွေအကြောင်း မပြောချင်ပါဘူး။ အဲ့လိုလည်းပြောရမယ့်အလုပ်မဟုတ်ပါဘူး။ မီဒီယာတွေကတော့ သူဘယ်နေရာမှာလဲဆိုတာဖော်ပြခဲ့တာကို ကျွန်တော်သိပါတယ်။
အသေးစိတ်အနေအထားကို ပြောပြဆိုတာ ခက်ခဲပါတယ်။ အခြေအနေတွေက စိတ်ကူးယဉ်တာနဲ့ ဝေးကွာပါတယ်။ အဲ့တာက တော်တော်လေးရှုပ်ထွေးပါတယ်။ ကျွန်တော် အဲ့တာပဲ လက်ရှိမှာပြောနိုင်ပါတယ်”လို့ ဟိုဝီက ဖြေကြားခဲ့ပါတယ်။