The network connection is lost.

Banner Image

ဖရန့်ဖတ်ကြယ်ပွင့်ဘရောင်းကို ခေါ်ယူဖို့ ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေ စိတ်ဝင်စားနေ

ဖရန့်ဖတ်နောက်ခံလူဘရောင်းကိုခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့အပြင် ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေလည်း စိတ်ဝင်စားနေကြပါတယ်။

ဂျာမနီအခြေစိုက် BILD သတင်းစာရဲ့ဖော်ပြချက်အရ ဘာစီလိုနာ၊ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်စတဲ့ ဥရောပထိပ်တန်းကလပ်အသင်းကြီးအားလုံးက ဘရောင်းကို အနီးကပ်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဘရောင်းကိုယ်တိုင်လည်း လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ အလားအလာရှိနေသလို တစ်ဖက်မှာလည်း ဖရန့်ဖတ်က ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အတိအကျသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဘွန်ဒက်လီဂါကလပ်အသင်းက သူတို့ရဲ့ နောက်ခံလူအတွက် ယူရို ၆၅ သန်းအထိ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ဘရောင်းက ဖရန့်ဖတ်အသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေလို့ ဂျာမန်ကလပ်အသင်းအတွက် ဆွေးနွေးမှုတွေမှာ အသာစီးရရှိမယ့်အခြေအနေတစ်ရပ် ရှိနေပြန်ပါတယ်။