မြောက်လန်ဒန်ဒါဘီဂိုးပြတ်နိုင်ပွဲနဲ့အတူ လမ်းကြောင်းမှန်ဆီ ပြန်ရောက်ရှိလာတဲ့ အာဆင်နယ်
တော့တင်ဟမ် ၁-၄ အာဆင်နယ် (ပွဲပြီးရလဒ်)
လတ်တလောပွဲစဉ်တွေမှာ ရမှတ်လျော့ကျမှုနဲ့ကြုံတွေ့ထားရတဲ့ အာဆင်နယ်က အခုမြောက်လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ဂိုးပြတ်နိုင်ပွဲရယူပြီး လမ်းကြောင်းမှန်ဆီ ပြန်လည်တက်လှမ်းလာပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပထမပိုင်းပွဲချိန်အတွင်း အီဇီက သွင်းယူခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ မူအာနီက အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဧည့်သည်တွေအတွက် အနိုင်ဂိုးတွေကို ယောကရက်စ်(၂ ဂိုး)၊ အီဇီတို့က ဆက်လက်သွင်းယူပြီး ပြတ်သားတဲ့ရလဒ်တစ်ခုကို ပုံဖော်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အာဆင်နယ်က အနီးဆုံးပြိုင်ဘက်မန်စီးတီးထက် တစ်ပွဲပိုကစား၊ ၅ မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နေပါတယ်။