The network connection is lost.

Banner Image

လီဗာပူးတိုက်စစ်မှူးဟောင်းဒါဝင်နူးနက်ဇ်ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းနှစ်သင်းအပြိုင်အဆိုင်ဖြစ်နေ

လီဗာပူးတိုက်စစ်မှူးဟောင်းဒါဝင်နူးနက်ဇ်ကို အင်္ဂလန်မြေဆီ ပြန်လည်ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိနူးနက်ဇ်က ပြီးခဲ့တဲ့ရာသီ၊ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက် အသင်းမှထွက်ခွာကာ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီတိုက်စစ်မှူးက အရှေ့အလယ်ပိုင်းဒေသရဲ့နေထိုင်မှုပုံစံနဲ့အသားကျဖို့ ရုန်းကန်နေရပြီး အယ်လ်ဟီလယ်အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားပေးထားရာမှာ သွင်းဂိုး ၉ ဂိုးသာ ရရှိထားပါတယ်။

အခုအခါမှာတော့ ပရီးမီးယားလိဂ်အသင်းနှစ်သင်းဖြစ်တဲ့ နယူးကာဆယ်နဲ့ တော့တင်ဟမ်တို့က ဒါဝင်နူးနက်ဇ်ကို အင်္ဂလန်မြေဆီ ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Fichajes ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ကာရင်ဘန်ဇီးမားရောက်ရှိလာပြီးနောက်ပိုင်း နည်းပြဆီမြွန်နီအင်ဇာဂီရဲ့လက်အောက်မှာ ဒါဝင်နူနက်ဇ် ပွဲထွက်ကစားခွင့်ရရှိဖို့ အခွင့်အရေးအလွန်နည်းပါးသွားနိုင်လို့ အခုလိုအင်္ဂလန်မြေဆီပြန်လာဖို့ စီစဉ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။