The network connection is lost.

Banner Image

နည်းပြသစ်လက်ထက်မှာ ပရီးမီးယားလိဂ်နိုင်ပွဲစတင်ရရှိခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၂-၀ ဘရန့်ဖို့ဒ် (ပွဲပြီးရလဒ်)
ပက်ဒရို ၂၆'
ပယ်လ်မာ ၇၆' (ပင်)

နည်းပြသစ်အပြောင်းအလဲပြုလုပ်ထားတဲ့ချဲလ်ဆီးအနေနဲ့ ယခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရခြင်းမရှိဘဲ ၂ ဂိုးပြတ်သွင်းပြီး သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှာ ဖြုန်းတီးမှုတွေမပြုလုပ်ခဲ့ဘူးဆိုရင် အခုထက်ပိုပြီး ဂိုးပြတ်နိုင်ပါတယ်။ တစ်ဖက်မှာ ဘရန့်ဖို့ဒ်ကလည်း အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့လို့ ချေပဂိုးတွေနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ဘရန့်ဖို့ဒ်ကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။