ဘရိုက်တန်ကို ခက်ခက်ခဲခဲအနိုင်ယူကာ မန်စီးတီးကို ၇မှတ်ဖြတ်လိုက်နိုင်တဲ့ အာဆင်နယ်
ဘရိုက်တန် ၀ - ၁ အာဆင်နယ် (ပဲွပြီးရလဒ်)
အာဆင်နယ်အသင်းဟာ ပွဲစပြီးသိပ်မကြာခင်မှာတင် ဦးဆောင်ဂိုးရခဲ့ပေမဲ့ နောက်ပိုင်းပွဲချိန်တွေအတွင်း ခံစစ်မှာသာအချိန်ကုန်ခဲ့ပြီး နိုင်ပွဲတစ်ခုကိုဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။
ဆာကာကန်ချက်က ဘရိုက်တန်ခံစစ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့ပြီးနောက် အာဆင်နယ်ဟာ ဂိုးမပေးရရေးကိုသာ အာရုံစိုက်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေနဲ့သာထိုးဖောက်ကာ လိုအပ်နေတဲ့ အဖိုးတန်သုံးမှတ်ကို ရယူသွားခဲ့ပါတယ်။
တစ်ဖက်မှာတော့ မန်စီးတီးက နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ သရေကျသွားတာကြောင့် အာဆင်နယ်တို့ အမှတ်ပေးဇယားကို ၇မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။