The network connection is lost.

Banner Image

ဘရိုက်တန်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဝဲလ်ဘတ်

ဒန်နီဝဲလ်ဘတ်ဟာ ဘရိုက်တန်အသင်းနဲ့ စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

ဝဲလ်ဘတ်ဟာ သူ့ရဲ့စာချုပ်ထဲမှာပါဝင်တဲ့ ၁၂ လ သက်တမ်းတိုးခွင့် ကို အသုံးပြုဖို့ သဘောတူညီခဲ့တာကြောင့် လာမယ့်ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေတော့မှာပါ။

ဒီဝါရင့်တိုက်စစ်မှူးရဲ့ မူလစာချုပ်ဟောင်းဟာ အခုဘောလုံးရာသီအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒီအပတ်အတွင်းမှာပဲ စာချုပ်ပါ သက်တမ်းတိုးခွင့်ကို အသက်ဝင်အောင် လုပ်ဆောင်ခဲ့တာကြောင့် အခုဆိုရင် ၁၂ လ သက်တမ်းတိုးစာချုပ်သစ်ဟာ အတည်ဖြစ်သွားပြီလို့ BBC Sport က ဖော်ပြထားပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝဲလ်ဘတ်ဟာ လက်ရှိမှာ ဘရိုက်တန်အသင်းအတွက် ၃၀ ပွဲ ကစားပေးထားပြီး ၁၁ ဂိုးအထိ သွင်းယူပေးထားကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။