ဝုဗ်ကို ရှုံးနိမ့်ပြီးနောက် လီဗာပူးကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ စတီဖင်ဂျရတ်
အမှတ်ပေးဇယားအောက်ဆုံးနေရာမှာရှိနေတဲ့ ဝုဗ်ကို ရှုံးနိမ့်ပြီးနောက် လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်က ကစားသမားတွေကို အကြီးအကျယ်ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ Molineux ကွင်းမှာ အန်ဒရေရဲ့နာကျင်အချိန်ပိုသွင်းဂိုးနဲ့အတူ လီဗာပူးတို့ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အဝေးကွင်းရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
"ပွဲချိန် ၆၅ မိနစ်လောက်အထိ လီဗာပူးရဲ့ကစားဟန်က အလွန်ဆိုးရွားလွန်းပြီး အားရစရာ လုံးဝမရှိခဲ့ပါဘူး" လို့ TNT Sports ရဲ့အစီအစဉ်သုံးသပ်သူ ဂျရတ်က ပြောပါတယ်။ "သူတို့တွေရဲ့ကစားကွက်က အရှိန်အဟုန်ပိုင်းမှာရော၊ အရည်အသွေးပိုင်းမှာပါ လိုအပ်ချက်တွေ အများကြီးရှိခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။
အန်ဂူမိုဟာနဲ့ပတ်သက်လို့လည်း ဂျရတ်က "သူက လူစားဝင်ကစားခဲ့တဲ့အချိန်တိုလေးအတွင်းမှာ မိနစ် ၆၅ မိနစ်လောက်ကစားခဲ့တဲ့ ဂက်ပိုထက် ပိုပြီးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ပါတယ်။ လာမယ့်သောကြာညပိုင်းပွဲစဉ်မှာ ဒီလူငယ်လေးကို အန်းစလော့ ပွဲထုတ်သင့်ပါတယ်" လို့ အကြံပြုခဲ့ပါတယ်။ ဂျရတ်က ဆက်လက်ပြီး "ဝုဗ်ကတော့ အေးအေးဆေးဆေးပဲ ကစားသွားခဲ့ပြီး လီဗာပူးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရတဲ့ လီဗာပူးရဲ့ခံစစ်ကစားပုံနဲ့ပတ်သက်လို့ ဂျရတ်က "ဒါ တိုက်စစ်မှူးဆီကို ရိုးရိုးရှင်းရှင်းတင်ပေးလိုက်တဲ့ ဘောလုံးပါ။ အဲဒီနေရာမှာ ခံစစ်ကစားသမားနှစ်ဦးနဲ့ တိုက်စစ်မှူး တစ်ဦးပဲရှိတာကို သေချာကိုင်တွယ်နိုင်သင့်တယ်။ ဒုတိယဂိုးမှာဆိုရင်လည်း ဂိုးသမားအလီဆင်ရဲ့ဘောလုံးပေးပို့ပုံ မကောင်းမွန်ခဲ့သလို တုံ့ပြန်မှုလည်း မရှိခဲ့ကြပါဘူး" လို့ ဝေဖန်ခဲ့ပါတယ်။
"သူတို့တွေ အက်ဖ်အေဖလားမှာ နောက်တစ်ဆင့်တက်ချင်ရင် ခံစစ်ပိုင်းကို အခုထက်အများကြီးပိုကောင်းအောင် ကစားရပါလိမ့်မယ်။ သူတို့က တိုက်စစ်ပိုင်းမှာ အားနည်းခဲ့တယ်လို့ ဆင်ခြေပေးကောင်းပေးနိုင်ပေမဲ့ ခံစစ်ပိုင်းကိုလည်း အားကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်" လို့ လီဗာပူးဂန္တဝင်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။