The network connection is lost.

Banner Image

နွေရာသီကာလအပြောင်းအလဲများအပြီး လီဗာပူးရဲ့စိတ်ပျက်ဖွယ်ကောင်းပုံကို အတိအလင်းဝန်ခံလိုက်တဲ့ မက်အယ်လစ္စတာ

လီဗာပူးကွင်းလယ်ကစားသမားမက်အယ်လစ္စတာက သူတို့အသင်းရဲ့ဘောလုံးရာသီအပေါ် ပွင့်ပွင့်လင်းလင်း အကဲဖြတ်ခဲ့ပြီး အပြောင်းအလဲတွေကို အလျှင်အမြန်ပြုလုပ်ပြီးနောက် ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းအတွက် ညံ့ဖျင်းတဲ့စတင်မှုပေါ်ပေါက်လာတယ်လို့ ဝန်ခံခဲ့ပါတယ်။
အာဂျင်တီးနားသားက ပရီးမီးယားလိဂ်သရဖူထိန်းသိမ်းဖို့ မျှော်လင့်ချက်ကို လျှော့ချထားပေမယ့် အခုဘောလုံးရာသီမှာ လီဗာပူးအသင်း အောင်မြင်မှုတွေ ရရှိနိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။
Sky Sport နဲ့တွေ့ဆုံချိန် မက်အယ်လစ္စတာက “ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ အရာအားလုံးပြောင်းလဲသွားပြီး ထွက်ခွာသွားသူတွေရဲ့နေရာမှာ ကစားသမားသစ်တွေ ရောက်ရှိလာပါတယ်။ အရာအားလုံးကို ကျွန်တော်တို့ ပြောင်းလဲခဲ့ပါတယ်။
လီဗာပူးအတွက် ပရီးမီးယားလိဂ်ချန်ပီယံဆုထိန်းသိမ်းဖို့ဆိုတာ အခွင့်အလမ်း သိပ်မရှိတော့ပါဘူး။ ဒီလိုပြောရတာ အတော်လေးမုန်းတီးပေမယ့် ရှင်းရှင်းလင်းလင်းဖြစ်နေပါပြီ။ အာဆင်နယ်က အရမ်းကောင်းတဲ့ အခိုက်အတန့်တစ်ခုမှာ ရောက်ရှိနေပြီး မန်စီးတီးကလည်း အနီးစပ်ဆုံးဖိအားပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ စွမ်းဆောင်ရည်ပဲဖြစ်ဖြစ်၊ ရလဒ်ပိုင်းပဲဖြစ်ဖြစ် အနီးစပ်ဆုံးအဆင့်မှာတောင် မရှိပါဘူး။ ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံနောက်တစ်ကြိမ်ဖြစ်လာဖို့ အချိန်မတန်သေးဘူးလို့ မြင်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ပျော်ရွှင်နေပြီး အခုထက် အများကြီးပိုကောင်းတဲ့နေရာမှာ ရှိနေသင့်တာကြောင့် ယနေ့လိုအခြေအနေမျိုးက နာကျင်ခံစားရပါတယ်”လို့ ပြောပါတယ်။