The network connection is lost.

Banner Image

ဘရာဇီးကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ကစားပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ ဥရုဂွေး

ဥရုဂွေးအသင်းဟာ ယနေ့နံနက် ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘရာဇီးကို တစ်ယောက်လျော့အနေအထားနဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ကစားကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ပွဲက နှစ်သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို အချင်းများမှု အများအပြားကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ပွဲအစောပိုင်းမှာဆိုရင်လည်း လူငယ်လေး အန်းဒရစ်ခ်ကို လူချကစားတဲ့ကိစ္စနဲ့ ဘာစီလိုနာအသင်းဖော်တွေဖြစ်တဲ့ အရူဂျိုနဲ့ ရာဖင်ဟာတို့ကြား အချင်းများမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ပထမပိုင်းပြီးခါနီးမှာတော့ ဥရုဂွေးခံစစ်မှူး အရူဂျိုတစ်ယောက် တံကောက်ကြောဒဏ်ရာရခဲ့ကာ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပွဲပြီးခါနီး၁၅မိနစ်အလိုမှာ နန်ဒက်ဇ်က ရိုဒရီဂိုကို ကစားပုံကြမ်းခဲ့တာကြောင့် VARပြန်ကြည့်ပြီးချိန်မှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဥရုဂွေးတို့ ၁၀ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။

မိနစ်၉၀အတွင်း သရေဖြစ်နေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဘရာဇီးဘက်က နှစ်ကြိမ်လွဲခဲ့တာကြောင့် ဥရုဂွေးတို့ အနိုင်ရကာ ဆီမီးဖိုင်နယ်မှာ ကိုလံဘီယာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။