The network connection is lost.

Banner Image

မာသီစ်တဲလ်ကိုခေါ်ယူဖို့ ယူရိုသန်း ၆၀ နဲ့သဘောတူညီမှုရရှိထားတဲ့ တော့တင်ဟမ်

တော့တင်ဟမ်ဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာသီစ်တဲလ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ နဲ့သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ အသက်-၁၉ နှစ်အရွယ် မာသီတဲလ်ဟာ ဘိုင်ယန်မြူးနစ်မှထွက်ခွာဖို့ ဆန္ဒရှိနေပြီး အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကာလရှည်စောင့်ကြည့်မှုကို ခံထားရသူလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြင်သစ်လူငယ်ကစားသမားအတွက် ယူရိုသန်း ၆၀ အထိအလိုရှိနေခဲ့ပြီး တော့တင်ဟမ်က အဆိုပါတန်ကြေးကိုပေးချေဖို့ သဘောတူညီခဲ့တဲ့ ပထမဆုံးကလပ်လည်းဖြစ်ပါတယ်။ 

ESPN ရဲ့ဖော်ပြချက်အရ လက်ရှိအချိန်မှာတော့ တော့တင်ဟမ်ဟာ မာသီစ်တဲလ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေမရရှိသေးဘဲ ဘိုင်ယန်မြူးနစ်နဲ့သာ သဘောတူညီမှုရထားတာဖြစ်တယ်လို့သိရပါတယ်။ သို့သော်လည်း ပြင်သစ်သားဟာ ဂျာမန်မြေကနေထွက်ခွာဖို့ စိတ်အားထက်သန်နေတာကြောင့် မကြာမီမှာပဲ အလုံးစုံသဘောတူညီမှုရရှိဖို့ နီးစပ်နေပါတယ်။ 

တစ်ချိန်တည်းမှာပဲ မာသီစ်တဲလ်နဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူတို့ဟာ အခြားကလပ်တွေရဲ့ ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေကိုလည်း စောင့်မျှော်နေဆဲဖြစ်တယ်လို့ ESPN သတင်းဌာနက ဆက်လက်ဖော်ပြထားပါတယ်။