The network connection is lost.

Banner Image

‌ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဒမ်ဘီလီ

ပြင်သစ်ဘီလူးကြီးကို သမိုင်းတလျှောက်ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဆုဖလားရရှိအောင် ကူညီပေးခဲ့ပြီးနောက် ပီအက်စ်ဂျီတိုက်စစ်မှူးဒမ်ဘီလီက  ဖီဖာရဲ့ ၂၀၂၅ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ဘော်လွန်းဒီအော်ဆုရှင်ဖြစ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားက ဘာစီလိုနာနဲ့ စပိန်ကြယ်ပွင့် လမိုင်းယာမယ်လ်၊ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘဝကို အတောက်ပဆုံးစတင်ထားနိုင်တဲ့ လက်ရွေးစင်အသင်းဖော်အမ်ဘာပေတို့ကို ကျော်ဖြတ်ကာ ဖီဖာရဲ့တစ်ဦးချင်းအထူးဂုဏ်ပြုဆုကို ရရှိခဲ့တာပါ။

ဒါ့အပြင် ဒမ်ဘီလီက အသင်း ၃၂ ခုဖြင့် ပထမဆုံးအကြိမ်စတင်ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီကို ဗိုလ်လုပွဲအဆင့်အထိ ပို့ဆောင်နိုင်ဖို့ နှစ်ဂိုးသွင်းယူပေးခဲ့ပြန်ပါတယ်။ အသက်-၂၈ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ရာသီ၊ ပီအက်စ်ဂျီအတွက် ၅၃ ပွဲ ပါဝင်ကစားကာ ၃၅ ဂိုး သွင်းယူပေးပြီး သမိုင်းဝင်ဆုဖလားသုံးလုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာကျင်းပတဲ့ ယမန်နေ့အမ်းအနားအတွင်း ပီအက်စ်ဂျီအတွက် ထပ်ဆင့်ဂုဏ်ပြုမှုအဖြစ် နည်းပြလူးဝစ်အင်းနရစ်ကို ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ပေးအပ်ခဲ့ပါတယ်။ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဘာစီလိုနာနဲ့စပိန်ကြယ်ပွင့် ဘွန်မာတီက သုံးကြိမ်ဆက်ဆွတ်ခူးရရှိခဲ့ပြီး အင်္ဂလန်ရဲ့ဆာရီနာဝစ်ဂ်မန်းက အကောင်းဆုံးအမျိုးသမီးနည်းပြဆု ရရှိခဲ့ပါတယ်။