The network connection is lost.

Banner Image

လိဒ်ကို ခက်ခက်ခဲခဲအနိုင်ယူပြီးနောက် တော့တင်ဟမ်ရဲ့စိတ်ဓါတ်နဲ့ စရိုက်လက္ခဏာပိုင်းကို ချီးကျူးသွားတဲ့ သောမတ်စ်ဖရန့်ခ်

မနေ့ညပိုင်း၊ လိဒ်ယူနိုက်တက်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က သူ့အသင်းရဲ့စိတ်ဓါတ်နဲ့ စရိုက်လက္ခဏာပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အခုပွဲစဉ်မှာ မာသီးတဲလ်ရဲ့အစောပိုင်းဦးဆောင်ဂိုးကို အိုကာဖော်ရဲ့သွင်းဂိုးဖြင့် ချေပပြီးနောက် ကူဒက်စ်ရဲ့ဒုတိယပိုင်းပွဲချိန်တိုက်စစ်ဆင်မှုတစ်ခုက အသင်းနှစ်ခုအကြား ခြားနားချက်တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

လက်ရှိမှာ တော့တင်ဟမ်က ပရီမီးယားလိဂ်ရာသီသစ်ရဲ့ အဝေးကွင်းပွဲစဉ်လေးခုမှာ သုံးခုကို အနိုင်ရရှိထားပြီး ပိုစတီကိုဂလူလက်အောက် ယမန်နှစ်ဘောလုံးရာသီ၊ လိဂ်အဝေးကွင်းနောက်ဆုံး ၁၃ ပွဲရဲ့ နိုင်ပွဲရရှိခဲ့မှုမှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။ TNT Sports နဲ့တွေ့ဆုံချိန် သောမတ်စ်ဖရန့်ခ်က “ ဒီပွဲစဉ်ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း အရမ်းကောင်းမွန်ခဲ့တယ်လို့လည်း ထင်ပါတယ်။

ပွဲချိန်မိနစ် ၈၀ မတိုင်ခင်အထိ ကျွန်တော်တို့အသင်းက မြင်တွေ့နေကျ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွေထက် ပွဲအပေါ်ထိန်းချုပ်နိုင်စွမ်း ပိုမြင့်မားခဲ့တယ်လို့ ယူဆပါတယ်။ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို လိုချင်တယ်ဆိုရင် ဘယ်အသင်းအတွက်မဆို စိတ်ဓါတ်ပိုင်းနဲ့ စရိုက်လက္ခဏာပိုင်းက အဓိကကျပါတယ်။ ဘယ်အသင်းအတွက်မဆို အဓိကအရေးပါတဲ့အရာက စိတ်ဓါတ်နဲ့ စရိုက်လက္ခဏာပိုင်းပါပဲ”လို့ ပြောပါတယ်။