The network connection is lost.

Banner Image

ကူလူဆက်ဗ်စကီးနဲ့ ကူဒက်စ်တို့ကို ချန်လှပ်ပြီး ရာသီကြိုခရီးစဉ်အတွက် ကစားသမားစာရင်း ထုတ်ပြန်လာတဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းက နာတာရှည်ဒဏ်ရာမှ ပြန်လည်သက်သာလာဖို့ ကြိုးစားနေရတဲ့ ကူလူဆက်ဗ်စကီးနဲ့ ကူဒက်စ်တို့ကို ရာသီကြိုခရီးစဉ်လူစာရင်းကနေ ချန်လှပ်ထားလိုက်ပါတယ်။

နည်းပြရော်ဘတ်တိုဒီဇာဘီက MK Dons အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်အပြီး နယူးဇီလန်နဲ့ သြစတြေးလျ ခရီးစဉ်အတွက် ကစားသမား ၃၅ ဦးကို ခေါ်ဆောင်သွားဖို့ရှိပါတယ်။ ဒါပေမဲ့ ဒီတိုက်စစ်ကစားသမားနှစ်ဦးကတော့ အင်္ဂလန်မှာပဲ ကျန်နေခဲ့ပါမယ်။

ကူလူဆက်ဗ်စကီးက ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ၁၄ လကြာ အနားယူနေရသလို ဂါနာလက်ရွေးစင်ကစားသမားကူဒက်စ်ကလည်း ဇန်နဝါရီလနောက်ပိုင်း ဘောလုံးမကစားနိုင်ခဲ့ပါဘူး။

ဒါ့အပြင် တော့တင်ဟမ်က ဒဏ်ရာမှပြန်သက်သာလာဖို့ ကြိုးစားနေရတဲ့ အိုဒိုဘတ်နဲ့ ဇာဗီဆိုင်မွန်စ်တို့ကို လက်လွှတ်ထားရသလို ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတဲ့ ဂိုးသမားဗီကာရီယိုလည်း အခုခရီးစဉ်မှာ မပါဝင်လာပါဘူး။

ဒါပေမဲ့ နည်းပြဒီဇာဘီက တိုနာလီ၊ မာသီးယက်စ်ဖာနန်ဒက်စ်၊ ရော်ဘတ်ဆန်၊ ဗန်ဟတ်ကီနဲ့ ဒူဘရာကာတို့လို ကစားသမားသစ်တွေကို အခုခရီးစဉ်အတွင်း အနီးကပ်စောင့်ကြည်နိုင်ဖို့ ခေါ်ယူသွားပါတယ်။

အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စီနီဆီကတော့ အနားယူချိန် ထပ်မံရရှိထားလို့ အသင်းနဲ့အတူ မပါဝင်လာပါဘူး။