The network connection is lost.

Banner Image

တော့တင်ဟမ်ကြယ်ပွင့်ဟောင်းရီဂူလွန်ကို အပြီးသတ်ခေါ်ယူခဲ့တဲ့ အင်တာမီယာမီ

အမေရိကန်မေဂျာလိဂ်ကလပ်အသင်း အင်တာမီယာမီက တော့တင်ဟမ်နောက်ခံလူဟောင်းရီဂူလွန်ကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ အသက်-၂၈ နှစ်အရွယ်စပိန်လက်ရွေးစင်ကစားသမားက တော့တင်ဟမ်မှထွက်ခွာလာပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်ခဲ့ပြီး အခုအချိန်မှာ MLS Cup ချန်ပီယံတွေနဲ့အတူ ပူးပေါင်းဖို့ အမေရိကန်မြေဆီ ရောက်ရှိလာပါတယ်။

ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ရီဂူလွန်က အခုနှစ်အစောပိုင်း၊ ဘောလုံးလောကမှအနားယူသွားတဲ့ ဂျော်ဒီအယ်လ်ဘာကို လက်လွှတ်လိုက်ရတဲ့ အသင်းနဲ့ ဘာကြောင့်ပူးပေါင်းဖြစ်သလဲဆိုတာ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ရီဂူလွန်က “ ဒါဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေတဲ့ ချန်ပီယံကလပ်အသင်းတစ်ခုရဲ့ ရည်မှန်းချက်အလွန်ကြီးမားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဒီအရာတွေကပဲ ကျွန်တော့်ကို စွဲဆောင်ခဲ့တာပါ။ ဒီကလပ်အသင်းနဲ့အတူပူးပေါင်းပြီး ပြိုင်ဘက်တွေကို အနိုင်ရရှိအောင် ယှဉ်ပြိုင်ကစားသွားပါမယ်။

ကျွန်တော့်ရဲ့ရည်မှန်းချက်က အနိုင်ရရှိဖို့ပါပဲ။ ကျွန်တော်တို့လက်လွှတ်ဆုံးရှုံးထားရတဲ့ ဆုဖလားတိုင်းအတွက် အရာအားလုံးကို အနိုင်ယူကျော်ဖြတ်သွားရပါမယ်”လို့ ပြောပါတယ်။ ဝါရင့်နောက်ခံလူက နည်းပြမာရှေယာနိုရဲ့အသင်းဆီ လာလီဂါနဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းတွေကို သယ်ဆောင်လာပေးပါလိမ့်မယ်။

ဂျော်ဒီအယ်လ်ဘာနဲ့ ဆာဂျီယိုဘတ်စ်ကွက်တို့ ထွက်ခွာသွားပေမယ့် အောင်မြင်မှုတွေထပ်မံရယူဖို့ ကြိုးစားနေချိန် အင်တာမီယာမီက စပိန်ကစားသမားကို ၂၀၂၈ ခုနှစ်အထိသက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။ ရီဂူလွန်က အယ်လ်ဘာရဲ့ကစားပုံနဲ့နီးစပ်သူဖြစ်လို့ မာရှေယာနိုအတွက် အားတက်စရာသတင်းကောင်း ဖြစ်ပါတယ်။