The network connection is lost.

Banner Image

ဆားဘီးယားကိုအနိုင်ရရှိတဲ့ပွဲစဉ်အတွင်း ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ယာဂန်ကလော့ပ်

ဆားဘီးယားနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့ခြေစွမ်းပိုင်းကို ယာဂန်ကလော့ပ် အလွန်သဘောကျနှစ်ခြိုက်နေပြီး ဒီကွင်းလယ်လူရဲ့ခြေစွမ်းပြသမှုကြောင့် လီဗာပူးမှာရှိနေသူတိုင်း အလွန်ပျော်ရွှင်နေကြလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးနဲ့အတူ အခုဘောလုံးရာသီအစခြေစွမ်းပိုင်းအတွက် ဝေဖန်ခံနေရပေမဲ့ ဆားဘီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဂျာမနီရဲ့ပွဲစဉ်မှာ အတောက်ပဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပွဲစဉ်အတွင်း အသက် ၂၃ နှစ်အရွယ်ကစားသမားက တွမ်ဘစ်ချော့ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အံ့အားသင့်ဖွယ် သွင်းဂိုးတစ်ဂိုးကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ယာဂန်ကလော့ပ်က "ကျွန်တော်တို့ ကစားချင်တဲ့ပုံစံနဲ့ ဖလော်ရီယန်ဝစ်ဇ် အံဝင်ခွင်ကျ ဖြစ်ပါတယ်" လို့ ပြောဆိုရင်း ဒီကွင်းလယ်တိုက်စစ်ကစားသမားရဲ့ခြေစွမ်းပြသမှုအတွက် မာဆေးဆိုဒ်မှာ ရှိနေသူတိုင်းလည်း ဝမ်းသာနေကြလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

"ဒီနေ့မှာတော့ လီဗာပူးမှာရှိသူတိုင်း အလွန်ပျော်ရွှင်နေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကောင်လေးက ဘောလုံးကစားရချိန်တိုင်း ပျော်ရွှင်မှုတွေ ပြည့်နှက်နေပြီး မယုံကြည်နိုင်လောက်အောင် ကြိုးစားအားထုတ်ခဲ့ပါတယ်" လို့ လီဗာပူးနည်းပြဟောင်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ အခုနိုင်ငံတကာသီတင်းပတ်ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ဂရိနိုင်ငံဆီ သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ဂျာမနီအသင်းရဲ့ပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်မြင်တွေ့ရဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။