The network connection is lost.

Banner Image

အီဆက်ရဲ့ ဒဏ်ရာသတင်းဆိုးကို လီဗာပူးအသင်း ထုတ်ပြန်

လီဗာပူးအသင်းက အလက်ဇန္ဒားအီဆက်ဟာ စနေနေ့က တော့တင်ဟမ်နဲ့ပွဲမှာ ဂိုးသွင်းယူစဉ် ဘယ်ခြေထောက်ကျိုးသွားခဲ့ကြောင်း အတည်ပြုခဲ့တာကြောင့် ဆွီဒင်လက်ရွေးစင်ဟာ အချိန်အတော်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။ပေါင် ၁၂၅ သန်းတန် စံချိန်တင် တိုက်စစ်မှူးဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ အဖွင့်ဂိုးသွင်းယူခဲ့စဉ် မစ်ကီ ဗန်ဒီဗန်ရဲ့ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အောင်ပွဲတောင်ခံနိုင်ခြင်းမရှိခဲ့ပါဘူး။

ယမန်နေ့ညကတော့ အီဆက်ဟာ ခြေကျင်းဝတ်ဒဏ်ရာနဲ့အတူ ခြေသလုံးရိုးကျိုးသွားခဲ့တဲ့အတွက် ခွဲစိတ်မှု အောင်မြင်စွာပြုလုပ်ခဲ့ပြီးပါပြီလို့ အသင်းကအတည်ပြုခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဆေးအဖွဲ့ရဲ့ အကူအညီနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပြီး ဒဏ်ရာအတိုင်းအတာကို သိရှိဖို့ MRI scan တွေ ပြုလုပ်ခဲ့ပြီး ယမန်နေ့က ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။

လီဗာပူးရဲ့ ထုတ်ပြန်ချက်မှာ "အီဆက်ရဲ့ ပြန်လည်ထူထောင်ရေးကို AXA လေ့ကျင့်ရေးစင်တာမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး သူပြန်လာမယ့်အချိန်ကိုတော့ သတ်မှတ်ထားခြင်းမရှိသေးပါဘူး" လို့ ထပ်ပြောခဲ့ပါတယ်။ အီဆက်မပါဝင်နိုင်တာကြောင့် နည်းပြ အန်းစလော့အတွက် တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေနည်းလာခဲ့ပါတယ်။ 

ကိုဒီဂတ်ပိုလည်း ဒဏ်ရာရနေပြီး မိုဟာမက်ဆာလက်က အီဂျစ်အသင်းနဲ့ အာဖရိကဖလားပြိုင်ပွဲကို သွားရောက်ဆင်နွှဲနေနေပါတယ်။ ဒါ့အပြင် နေရာစုံကစားပေးနိုင်တဲ့ ဒိုမီနစ်ဆိုဘိုဆလိုင်းဟာလည်း ဒီရာသီမှာ ၅ ကြိမ်မြောက် အဝါကတ်ပြခံရလို့ ပွဲပယ်ခံထားရတာကြောင့် စနေနေ့ ဝုဗ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။