
တော့တင်ဟမ်က ချဉ်းကပ်ခဲ့ပေမယ့် အီတလီမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့ မီလန်စတား
သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ အေစီမီလန်နောက်ခံလူ တိုမိုရီကို ချဉ်းကပ်ခဲ့ပေမယ့် ကစားသမားက မီလန်မှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ တော့တင်ဟမ်ဟာ အခုအပတ်ထဲမှာ ဘိုင်ယန်စတား မက်တီတဲလ်ကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပြီး အဆင်ပြေခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
တဲလ်ကို လက်လွှတ်ခဲ့ရပြီးနောက် တော့တင်ဟမ်ဟာ နောက်ခံလူနေရာအတွက် တိုမိုရီကို ချိတ်ဆက်ခဲ့တယ်လို့ ရိုမာနိုက ဆိုပါတယ်။ ဒါပေမယ့် အီတလီသတင်းတွေအရ ကစားသမားကိုယ်တိုင်က မီလန်မှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် အခုဆောင်းဈေးကွက်မှာ လူအင်အားဖြည့်တင်းမှုပြုလုပ်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ကာရာဘောင် နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေကျန်နေသေးပေမယ့် ပရီးမီးယားလိဂ်မှာတော့ တန်းဆင်းဇုန်ရဲ့အထက် ၈ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။ သတင်းတွေအရ တော့တင်ဟမ်ဟာ ယူနိုက်တက်စတား ဂါနာချိုကိုပါ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ပိုစတီကိုဂလူရဲ့အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။