The network connection is lost.

Banner Image

ရစ်ချာလီဆန်ကို ပရီးမီးယားလိဂ်ရဲ့ အနှေးကွေးဆုံးကစားသမား အဖြစ် အက်ဘွန်လာဟော သတ်မှတ်

အက်စတွန်ဗီလာ တိုက်စစ်မှူးဟောင်း ဂတ်ဘီ အက်ဘွန်လာဟောက တော့တင်ဟမ်ကြယ်ပွင့် ရစ်ချာလီဆန်ကို ပရီးမီးယားလိဂ်မှာ အနှေးကွေးဆုံး ကစားသမားအဖြစ် အမည်တပ် ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့ညက ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ၁-၁ ဂိုးစီ သရေကျခဲ့တာဟာ တော့တင်ဟမ်အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားမှုကိုလည်း အထောက်အကူ မဖြစ်စေခဲ့ပါဘူး။ ဒါ့အပြင် ဝက်စ်ဟမ်းအသင်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကိုလည်း အခွင့်ကောင်း မယူနိုင်ခဲ့ကြပါဘူး။

တော့တင်ဟမ်အနေနဲ့ လိဒ်ကို အနိုင်ရခဲ့ရင် တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာကို ရောက်ရှိနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမဲ့ ဒိုမန်းနစ် ကယ်လ်ဗတ်လူဝင်ရဲ့ ဒုတိယပိုင်း ပင်နယ်တီဂိုးကြောင့် အခွင့်အရေး လက်လွတ်ခဲ့ရပါတယ်။

စပါးအသင်းဟာ တိုက်စစ်ပိုင်းမှာ အစွယ်ကျိုးနေခဲ့သလို ပွဲချိန်အတော်များများမှာလည်း လိဒ်အသင်းရဲ့ ဖိအားပေးတာကို ခံခဲ့ရပါတယ်။ talkSPORT မှာ ပြောကြားရာမှာတော့ အက်ဘွန်လာဟောက အသက် ၂၉ နှစ်အရွယ်ပဲ ရှိသေးတဲ့ ရစ်ချာလီဆန်ဟာ အရှိန်အဟုန် အလွန်နှေးကွေးနေပြီး တိုက်စစ်ကို ဦးဆောင်ရာမှာ အသင်းအတွက် အကူအညီ မဖြစ်ဘူးလို့ ဆိုပါတယ်။

"မနေ့ညက ပွဲကိုကြည့်ပြီး ကျွန်တော် တစ်ခုလောင်းရဲတယ်၊ ရစ်ချာလီဆန်က ပရီးမီးယားလိဂ်မှာ အနှေးကွေးဆုံး ကစားသမားပဲ။ ဘယ်သူနဲ့မဆို ကျွန်တော် လောင်းကြေးထပ်ရဲပါတယ်။ သူ ပြေးထွက်သွားတဲ့ အကြိမ်တိုင်းမှာ အမြန်နှုန်း သိပ်မရှိတဲ့ နောက်ခံလူ ဂျိုးရိုဒွန်ကတောင် သူ့ဆီကနေ ဘောလုံးကို အသာလေး လုယူသွားနိုင်ခဲ့တာကို ကြည့်ပါဦး။ သူ့ရဲ့ ခြေစွမ်းက တကယ်ကို ဆိုးရွားပါတယ်။ ကြည့်ရတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းပြီး တချို့အချိန်တွေမှာ လိဒ်အသင်းက ပုံမှန်ခြေစွမ်းလောက်နဲ့တောင် ကစားသွားတာပါ။ နောက်ဆုံးမိနစ် ၂၀ မှာသာ သူတို့ အရှိန်နည်းနည်း မြှင့်လိုက်ရင် လိဒ်အသင်း သေချာပေါက် အနိုင်ရသွားမှာပါ" လို့ ၎င်းက ပြောပါတယ်။

တနင်္လာနေ့ညမှာတော့ တော့တင်ဟမ်အတွက် မားသီးစ်တေးလ် (Mathys Te) ကပဲ အားကိုးခဲ့ရပြီး မန်နေဂျာ ရော်ဘာတို ဒီဇာဘီအနေနဲ့ တိုက်စစ်ပိုင်းမှာ ရစ်ချာလီဆန်ကို အနားပေးဖို့ အချိန်တန်ပြီလားဆိုတာကို ပြန်လည်စဉ်းစားနေရပြီ ဖြစ်ပါတယ်။