The network connection is lost.

Banner Image

နည်းပြအဖြစ် ဆက်ထားမယ့် ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြောကြားလိုက်တဲ့ တန်ဟက်

နယ်သာလန်သားရဲ့ အနာဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ပြီးဆုံးသွားတော့မလိုဖြစ်ခဲ့ပြီး နိုဝင်ဘာလေတွင် မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလားကို ရရှိခဲ့တာက အိပ်မက်ဆိုးတစ်ခုမှာ ထင်ရှားကျော်ကြားတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။

သရဲနီတွေဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နဲ့ ပြီးဆုံးခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့ပါဝင်တဲ့ အုပ်စုအောက်ဆုံးရပ်တည်ခဲ့ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။ သို့သော် အရည်အသွေးပြည့်မီတဲ့ ကစားသမားများ နည်းပါးခြင်းနှင့် အက်ဖ်အေဖလားကို ရရှိခဲ့ခြင်းကြောင့် ရာသီကုန်ကို အကောင်းဆုံး ပိတ်သိမ်းနိုင်ခဲ့ကာ တန်ဟက်က အသင်းကို ဆက်လက်တာဝန်ယူမှာဖြစ်ကာ လာမယ့်ရာသီကြိုခြေစမ်းပွဲများအတွက် စီစဉ်လျက်ရှိပါတယ်။

ယူနိုက်တက်ရဲ့ ပထမဆုံးခြေစမ်းပွဲကတော့ နော်ဝေရှိ ရိုဆန်ဘက်နှင့်ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် ကစားမယ့် ယူရို ၂၀၂၄ ပွဲအပြီးတွင် ပထမအသင်းရဲ့ကစားသမားတွေကတော့ ပါဝင်မှာမဟုတ်တာကြောင့် ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေတဲ့ လူငယ်အချို့နှင့် စမ်းသပ်ရန် တန်ဟက်က ရည်ရွယ်ထားပါတယ်။

"ပရိသတ်တွေရှေ့မှာ အ‌ကောင်းဆုံး ကစားနိုင်တဲ့ ပထမအသင်းသားတွေ ရှိပါတယ်။ ဒါပေမယ့် အထူးသဖြင့် ကျွန်တော့်တို့အတွက်ပေါ့။ နောက်ရာသီအတွက် သူတို့ကအသင်းမှာ ကစားရမယ့် အဆင့်တွေရှိပါတယ်" "အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ လူငယ်ကစားသမားတချို့ ရောနှောပြီး ထည့်သွင်းကစားစေမှာပါ" "အသင်းက အတတ်နိုင်ဆုံးတော့ အားကောင်းနေပေမယ့် ကိုပါအမေရိကနဲ့ ယူရိုပြိုင်ပွဲတွေသို့ သွားရောက်ခဲ့တဲ့ ကစားသမားတွေတော့ ပါဝင်မှာ မဟုတ်ပါဘူး"

"ရာသီကြိုမှာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပါမယ်။ အသင်းတစ်သင်းတည်းရှိတဲ့အခါ တစ်ခုတည်းသောအချိန်ဖြစ်ပြီး ဖွဲ့စည်းပုံ၊ ကစားပုံတွေသာမက အသင်းရှိ အချို့သောစံနှုန်းများမှာလည်း လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ပြီး အဆိုပါကာလကို ထိထိရောက်ရောက်အသုံးပြုဖို့က အလွန်အရေးကြီးပါတယ်" "အဲဒီတုန်းက တော်တော်များများမသိသေးတဲ့ မိုင်နူးလို ကစားသမားတွေကို ခေါ်ယူမှာဖြစ်ပြီး အခုတော့ အားလုံးက သူ့ကို သိနေကြပါပြီ" "ဒါကြောင့် ကစားသမားတွေကို ပထမဆုံး မြင်တွေ့ချင်တယ်ဆိုရင်တော့ အကယ်ဒမီကနေ တက်လာတဲ့ ကစားသမားအသစ်တွေ ဒါမှမဟုတ် လူငယ်ကစားသမားတွေ ဖြစ်နိုင်တယ်ဆိုရင် ဒါက မင်းရဲ့အခွင့်အရေးပါပဲ" လို့ တန်ဟက်က ယူနိုက်တက်အသင်း မီဒီယာသို့ ပြောကြားခဲ့ပါတယ်။