The network connection is lost.

Banner Image

ရော်နယ်ဒိုတစ်ယောက် တကယ့်နှုတ်ဆက်မှုနဲ့ထိုက်တန်ခဲ့ကြောင်း မက္ကာသီအခိုင်အမာဆို

နည်းပြဟောင်း ဘန်နီမက္ကာသီက ရော်နယ်ဒိုအနေနဲ့ ၂၀၂၂ ယူနိုက်တက်နေကထွက်ခွာချိန် တကယ့်နှုတ်ဆက်မှုနဲ့ ထိုက်တန်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ မက္ကာသီ ရော်နယ်ဒိုဟာ အသင်းအတွက် အမှတ်တရကောင်းတွေအများကြီးယူဆောင်လာပေးခဲ့ပေမယ့် ထိုက်တန်မှုမျိုးမရခဲ့ဘူးလို့ ခံစားနေရပါတယ်။

မော်ဂန်နဲ့အင်တာဗျူးပြီးနောက် ရော်နယ်ဒို နဲ့ ယူနိုက်တက်တို့ကြား ၂ ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၁ တုန်း ၂ နှစ်စာချုပ် နဲ့ ယူနိုက်တက်ထံ ဒုတိယအကြိမ်ပြန်လာခဲ့တာဖြစ်ပါတယ်။ ပွဲဦးထွက်ရာသီမှာတင် ပေါ်တူဂီသားဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ၁၈ ဂိုးအထိသွင်းယူနိုင်ခြံပေမယ့် တန်ဟက်ရောက်လာပြီးနောက်မှာတော့ နေရာပျောက်လာခဲ့တာဖြစ်ပါတယ်။

အဲ့နောက် တော့တင်ဟမ်နဲ့ပွဲမပြီးခင်မှာ ရော်နယ်ဒို နဲ့ တန်ဟက်တို့ကြား ပြဿနာတက်ခဲ့ပြီး မော်ဂန်နဲ့အင်တာဗျူးမှာ ရော်နယ်ဒိုက ယူနိုက်တက်ဟာ သူ့ကိုသစ္စာဖောက်သလို ခံစားရကြောင်း နဲ့ နည်းပြ တန်ဟက်ကို မလေးစားနိုင်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ အဆိုပါအင်တာဗျူးအပြီးမှာတင် ရော်နယ်ဒို နဲ့ ယူနိုက်တက်တို့ကြား ၂ ဦးသဘောတူလမ်းခွဲခဲ့ပြီး အယ်လ်နာဆာအသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။

တန်ဟက်ရဲ့နည်းပြအဖွဲ့ဝင်ဟောင်း မက္ကာသီကတော့ အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုအနေနဲ့ ထိုက်တန်တဲ့နှုတ်ဆက်မှုမျိုးရခဲ့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။ “အို့ သေချာတာပေါ့ဗျာ။ သူယူနိုက်တက်အတွက် ဘယ်လောက်လုပ်ဆောင်ပေးခဲ့လဲဆိုတာ ခင်ဗျားသိပါတယ်။ အဲ့နောက် ရီးရဲလ်ကိုပြောင်းခဲ့တာပါ။ ယူနိုက်တက်မှာပဲ ကောင်းမွန်တဲ့အမှတ်တရတွေရှိခဲ့ပါတယ်။ ယူနိုက်တက်က အယ်လ်နာဆာနဲ့ ခြေစမ်းပွဲကစားဖို့ရှိနေပါသေးတယ်။ အဲ့တာက ရော်နယ်ဒိုအနေနဲ့ သူ့အသင်းဖော်တွေကို နှုတ်ဆက်ဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ အင်တာဗျူးအပြီးမှာပဲ သူက ထွက်ခွာသွားခဲ့ပြီး ဘယ်တော့မှပြန်မမြင်ရတော့ပါဘူး။  သူ့အသင်းဖော်တွေကိုလည်း ဘယ်တုန်းကမှနှုတ်ဆက်စကားမပြောဖြစ်ခဲ့ပါဘူး။ ယူနိုက်တက်အနေနဲ့လည်း ရော်နယ်ဒိုကို ပြန်လည်နှုတ်ဆက်ရမယ့်အချိန်ပါ။ ပရိသတ်တွေကလည်း ကောင်းမွန်တဲ့နှုတ်ဆက်မှု ပြုလုပ်ပေးရပါမယ်”လို့ မက္ကာသီက ပြောကြားခဲ့ပါတယ်။

မော်ဂန်နဲ့အင်တာဗျူးကို ယူနိုက်တက်ကစားသမားတွေ ဘယ်လိုတုံ့ပြန်လဲဆိုတဲ့အပေါ် မက္ကာသီက “ယေဘုအားဖြင့် ဘယ်သူမှမပျော်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူ့လိုယူနိုက်တက်ကစားသမားထံကနေ ဒီလိုမျိုးထွက်လာလို့ မကျေနပ်ကြပါဘူး။ ဘယ်သူမှလည်း အခုလိုမျိုးထွက်လာမယ်ဆို့ မမျှော်လင့်ကြပါဘူး။ နည်းစနစ်အသင်း ၊ နည်းပြ နဲ့ ကစားသမားတွေက တစ်ဦးတစ်ယောက်ရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်ပါဘူး။ ရော်နယ်ဒိုအမြင်က တစ်သင်းလုံးရဲ့အမြင်တော့မဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

လက်ရှနည်းပြ အာမိုရင်ကတော့ အခုကြားရက်မှာ အယ်လ်နာဆာနဲ့ခြေစမ်းမယ့်အပေါ် “ကျွန်တော်တို့ အဲ့တာကိုလုပ်ရပါမယ်။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်တို့ ဥရောပပြိုင်ပွဲတွေနဲ့ လွဲချော်ခဲ့တာကြောင့် လုပ်စရာတွေရှိနေပါတယ်။ ကျွန်တော်တို့မှာ ပရိသတ်တွေအပြင် ဘတ်ဂျက်လည်းရှိပါတယ်။ တစ်ကမ္ဘာလုံးကပရိသတ်တွေနဲ့ ကျွန်တော်တို့ရှိချင်ပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ ဒါကိုလုပ်ချင်တယ်ဆိုရင် နေရာလွတ်ရအောင် စီမံရပါမယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။