The network connection is lost.

Banner Image

ဝုဗ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အာမိုရင်တစ်ယောက် စိတ်ဆင်းရဲနေခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦး ဆို

ဝုဗ်အသင်းကိုအဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း အာမိုရင်တစ်ယောက် စိတ်ဆင်းရဲနေခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။ ဘုန်းမောက်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဝုဗ်နဲ့ပွဲမှာ ပရိသတ်တွေရဲ့ယုံကြည်မှုကို ပြန်လည်ရယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ သရေကန်နိုင်ခဲ့ပေမယ့်လည်း ၂ သင်းစလုံးဟာ အဆိုပါအချိန်ကာလအတွင်းမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲအဖြေကပြောင်းလဲခဲ့ပြီး ဖာနန်ဒက်စ်က ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ မိုက်ကယ်အိုလီဗာ နဲ့ VAR အဖွဲ့ကလည်း အဆိုပါ ၂ ဝါ ၁ နီကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်အထုတ်ခံရမှုက ပွဲအဖြေကိုပြောင်းလဲစေခဲ့တာဖြစ်ပြီး မန်ချက်စတာညနေခင်းသတင်းဌာနကတော့ အာမိုရင်ဟာ ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး အနည်းငယ်စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။ အာမိုရင်အခုလိုဖြစ်တာက ပထမဆုံးအကြိမ်မဟုတ်ပဲ ယခင်ပွဲတုန်းကလည်း အခုလိုမျိုးဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းပရိသတ်တွေကတော့ အသင်းကိုချစ်ခင်မှုအပြင် သစ္စာရှိရှိအားပေးနေဆဲဖြစ်ကာ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများဟာ ပွဲသိမ်းခရာမမှုတ်ခင်မှာတင် ကွင်းထဲကနေလှည့်ပြန်ခဲ့ကြပြီး လက်ကျန်ပရိသတ်တွေကို ပွဲအပြီးမှာ ယူနိုက်တက်စတားတွေက နှုတ်ဆက်ခဲ့ကြပါတယ်။

အာမိုရင်ဟာ အခုရာသီမှာယူနိုက်တက်အသင်းနဲ့အတူ အစမ်းသပ်ခံနေရတာဖြစ်ပြီး လာမယ့်တနလာၤနေ့မှာလည်း နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကလည်း လက်ရှိမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် ယူနိုက်တက်အတွက်တော့ ခက်ခဲဖွယ်ရှိနေပါတယ်။