The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့အရန်ခုံမှာ အဆင်သင့်ရှိနေဖို့ မိုင်နူးကို အကြံပေးလာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း အာဖရိကဖလားပြိုင်ပွဲတွေစတင်ချိန် အသင်းမှာ ကစားသမားလိုအပ်ချက်တွေရှိလာမှာဖြစ်လို့ ကွင်းလယ်လူကိုဘီမိုင်နူးအနေနဲ့ အရန်ခုံမှာ အကောင်းဆုံးပုံစံနဲ့အဆင့်သင့်ရှိနေဖို့ အကြံပေးပြောကြားလာခဲ့ပါတယ်။

ယခုရာသီမှာ မိုင်နူးဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်နဲ့နေရာအတွက်ယှဉ်ပြိုင်နေရတာကြောင့် ယူနိုက်တက်အတွက် စုစုပေါင်း ၂၆၁ မိနစ်သာ  ပါဝင်ကစားခွင့်ရရှိထားပါတယ်။ နည်းပြရူဘင်အာမိုရင်ကိုယ်တိုင်က မိုင်နူးဟာ ယူနိုက်တက်မှာပွဲထွက်ကစားခွင့်ရလိုပါက ဖာနန်ဒက်စ်နဲ့နေရာလုသွားရမယ်လို့ ပွင့်ပွင့်လင်းလင်းပြောကြားထားပြီး မကြာသေးမီကပွဲစဉ်တွေအရ အာဖရိကဖလားပြိုင်ပွဲတွေ စတင်ချိန်မှာလည်း မိုင်နူးဟာ အသင်းအတွက်ကစားခွင့်ရမလား မသေချာသေးပါဘူး။ 

သို့သော်လည်း ဖာဒီနန်ကတော့ တိုက်စစ်က ဘရိုင်ယန်အမ်ဘွေမိုနဲ့ အာမက်ဒီယာလိုတို့ အာဖရိကသို့ ထွက်ခွာသွားချိန်မှာ မိုင်နူးအနေနဲ့ ပွဲထွက်ခွင့်ကို ပြန်လည်ရရှိနိုင်တယ်လို့ယုံကြည်နေဆဲဖြစ်ပါတယ်။  နောက်ခံလူဟောင်းက "ကျွန်တော်သာ ကိုဘီမိုင်နူးဆိုရင် လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်ကတည်းက အကောင်းဆုံးပုံစံရအောင်၊ ကြံ့ခိုင်မှုပြည့်ဝနေအောင်ကြိုးစားနေမှာပါ။ အာဖရိကဖလားပြိုင်ပွဲရောက်ပြီး အသင်းအတွက်ကစားသမားလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အာရုံစိုက်နေမှာပါ"

"နည်းပြအနေနဲ့ ဆက်စ်ကိုကကြံ့ခိုင်မှုမပြည့်ဝရင် ဖာနန်ဒက်စ်ကို နောက်ချန်တိုက်စစ်မှူးနေရာအထိ လွယ်လွယ်ကူကူရွှေ့နိုင်ပါတယ်။ သူအရင်ကလည်း အဲဒါမျိုးလုပ်ဖူးပါတယ်။ ပြီးတော့ ကွန်ညာက ကြံ့ခိုင်မှုမပြည့်ဝရင် ဖာနန်ဒက်စ်ကို ဘယ်တောင်ပံထားပြီး မိုင်နူးကို အလယ်မှာ နေရာချနိုင်ပါတယ်။ ဒါကြောင့် လာမယ့် ရက်သတ္တပတ်အချို့မှာ မိုင်နူးအနေနဲ့ ယူနိုက်တက်မှာဆက်ရှိမှာလား ထွက်ခွာသွားမှာလားဆိုတဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချမှတ်သွားရနိုင်ပါတယ်။ ဒါကိုစောင့်ကြည့်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရက်သတ္တပတ်ကသတင်းတွေမှာတော့ မိုင်နူးကိုအီတလီကလပ် နာပိုလီက ခေါ်ယူဖို့ကြိုးစားနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီမှာပဲ သဘောတူညီမှုရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မိုင်နူးအနေနဲ့လည်း လာမယ့်ခရစ္စမတ်ကာလအတွင်း သူ့ရဲ့အစွမ်းအစကိုပြသဖို့ အခွင့်အရေးရခဲ့ရင်တောင် အမ်ဘွေမိုနဲ့အာမက်တို့ပြန်လာချိန်မှာတော့ ပုံမှန်အတိုင်း အရန်အဖြစ်နဲ့သာ ဆက်လက်နေထိုင်သွားရဖွယ်ရှိနေပါတယ်။ 

နည်းပြအာမိုရင်အနေနဲ့ မိုင်နူးကို ဖာနန်ဒက်စ်နေရာမှာသာအစားထိုးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာ ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်ဖြစ်နေပြီး ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် မိုင်နူးအနေနဲ့ လူစားဝင်ကစားသမားအဖြစ်ပါဝင်ဖို့တောင် အတော်လေးရုန်းကန်သွားရနိုင်တာဖြစ်ပါတယ်။