The network connection is lost.

Banner Image

မက်ဒရစ်ဒါဘီရှုံးပွဲနဲ့ ပတ်သက်လို့ အသင်းပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ရီးရဲလ်နောက်ခံလူ အလာဘာ

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဒေးဗစ်အလာဘာက အက်သလက်တီကိုမက်ဒရစ်ကို အရေးနိမ့်ခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်နဲ့ ပတ်သက်လို့ အသင်းပရိသတ်တွေဆီ တောင်းပန်စကားဆိုလိုက်ပါတယ်။
 
ဒီပွဲစဉ်မှာ နောက်ခံလူက ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး ပြိုင်ဘက်အသင်းသွင်းယူခဲ့တဲ့ သုံးဂိုးအနက် နှစ်ဂိုးမှာ သူ့ရဲ့အမှားမကင်းဘူးလို့ ယူဆရပါတယ်။ အေတီကိုအတွက်သွင်းဂိုးတွေကို တိုက်စစ်မှူး မိုရာတာ(နှစ်ဂိုး)နဲ့ ဂရစ်ဇ်မန်းတို့က ရယူပေးခဲ့တာပါ။ ဒီသွင်းဂိုးတွေအားလုံးက တူညီတဲ့ကစားကွက်မှတဆင့် ဖြတ်တင်ဘောပေးပို့မှုတွေကို ခေါင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ခံစစ်မှူးတွေရဲ့ ပေါ့လျော့မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲပြီးချိန်မှာလည်း အက်သလက်တီကိုနည်းပြဆီမြွန်နီက ပြိုင်ဘက်အပေါ် အခုလိုထိုးနှက်နိုင်ဖို့ ပြင်ဆင်ထားမှုတွေဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
 
ယမန်နေ့(တနင်္လာနေ့)မှာတော့ Twitter လူမှုကွန်ရက်မှတဆင့် အလာဘာက "ကျွန်တော်တို့အားလုံး ဒီထက်ပိုမျှော်လင့်ထားခဲ့ကြပါတယ်။ ဒီပွဲစဉ်က ကျွန်တော်တို့ရဲ့ပွဲစဉ်မဖြစ်ခဲ့သလို ကျွန်တော့်ရဲ့ပွဲစဉ်လည်း မဖြစ်လာခဲ့ပါဘူး။ ကျွန်တော်တို့အသင်းပရိသတ်တွေကို စိတ်ပျက်အောင် လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာပြီး ရီးရဲလ်မက်ဒရစ်က ဘာလဲဆိုတာကို ပြသသွားပါမယ်"လို့ ရေးသားမျှဝေခဲ့ပါတယ်။