The network connection is lost.

Banner Image

နိုင်ငံအသင်းမှာ ကစားရတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ မိုရာတာ

စပိန်အသင်းခေါင်းဆောင် မိုရာတာက စိတ်ကျမှု နဲ့ အနားယူမှုအတွေ့အကြုံတွေရခဲ့ပြီးနောက် နိုင်ငံအသင်းမှာကစားရတာနဲ့ပတ်သက်ပြီး နှစ်သက်မှု ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မိုရာတာဟာ အခုနှစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် စပိန်အသင်းလူစာရင်းမှာ ပါဝင်ခွင့်မရခင် သူ့အနာဂတ်က မသေချာခဲ့တာဖြစ်ပါတယ်။

အခုနှစ်နေးရှင်းလိဂ်ဖိုင်နယ်မှာ ပေါ်တူဂီကိုပင်နယ်တီအဆုံးအဖြတ်မှာ လွဲချော်ခဲ့ပြီးနောက် နိုင်ငံအသင်းကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်အသင်းကိုချစ်မြတ်နိုးမှုက မပျောက်ပျက်သေးတာဖြစ်ပါတယ်။ အခုလိုပြန်လည်ပါဝင်လာမှုက သူ့ရဲ့အခြေအနေကို ပြန်လည်ပြောင်းလဲစေခဲ့ပါတယ်။

ဒါ့အပြင် လူစားဝင်ကစားသမားအဖြစ် အဓိကပွဲတွေမှာ မိနစ်အနည်းငယ်ပါဝင်ခွင့်လည်းရရှိထားခဲ့ပါတယ်။ ဝေဖန်မှုတွေရဲ့အဝေးမှာ မိုရာတာက အသင်းရဲ့စိတ်ဓာတ်ပိုင်း နဲ့ နှိမ့်ချမှု ကို ချီးကျူးခဲ့ပါတယ်။ ယူရို ၂၀၂၀ မှာ အခွင့်အရေးတွေလွဲချော်ခဲ့ပြီးနောက် လူမှုမီဒီယာကနေ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို လက်ခံရရှိခဲ့တာနဲ့ပတ်သက်ပြီးလည်း အတိတ်တုန်းက စိတ်ပိုင်းဆိုင်ရာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်သားဟာ ဒီလာဖွန်တီလက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးခဲ့ပေမယ့်လည်း ဖြည်းဖြည်းချင်းဆက်သွားချင်နေပါတယ်။ “ကျွန်တော် အဲ့အကြောင်းတွေးချိန်မှာ သူတို့ခက်ခဲတဲ့အချိန်တွေကိုရှိခဲ့ပါတယ်။ အဲ့တာက ခင်ဗျားအတွက်လည်း ခက်ခဲစေသလို ဝမ်းနည်းမှု ၊ စိတ်ဓာတ်ကျမှုတွေကနေ အတွေ့အကြုံရနိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အတွက် နိုင်ငံအသင်းကိုကိုယ်စားပြုကစားခွင့်ရတာက အံံ့ဖွယ်အရာပါ။ အချို့အရာတွေကို ခင်ဗျားတွေးနိုင်ပါတယ်။ အဲ့နောက် အိမ်ပြန်ရောက်ချိန်မှာ ခင်ဗျားဘယ်လိုထွက်ခွာလာလဲဆိုတာကို ခင်ဗျားဇနီးကိုပါ ပြန်ပြောလို့ရပါတယ်။

ဘာလို့လဲဆိုတော့ အဲ့တာက ကျွန်တော့်ဘဝရဲ့နှစ်သက်မှုပါ။ ကျွန်တော့်အတွက်တော့ နိုင်ငံအသင်းကိုကိုယ်စားပြုခွင့်ရပြီဆိုတာနဲ့ အကောင်းဆုံးပေးဆပ်ကစားပါတယ်။ အသင်းနဲ့အတူလည်း နိုင်ပွဲတွေအပြင် ဆုဖလားတွေလည်း ရယူချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အကောင်းဆုံးရှိတဲ့အရာက အကောင်းဆုံးအသင်းဖြစ်နေတာကြောင့်ပါ။ ကစားသမားဘဝတစ်လျှောက် ကျွန်တော် နိုင်ငံအသင်းမှာရှိခဲ့ပေမယ့် ကစားသမားကောင်းတွေနဲ့ မကစားခဲ့ရတာတွေရှိပါတယ်။

ကျွန်တော် ဒေးဗစ်ဆေးလ်ဗား ဒါမှမဟုတ် ဖာဘရီဂတ်စ်တို့နဲ့ရှိနေချိန်မှာ ဆိုးဝါးတဲ့မျက်နှာတွေမမြင်ခဲ့ရပါဘူး။ သူတို့က ဥပမာတွေပါ။ ဒီမှာကစားခွင့်ရတာက ဘုရားပေးတဲ့ဆုပါ။ အခုတော့ ကျွန်တော်တို့ခြေစစ်ပွဲအောင်မြင်ဖို့ပဲ လုပ်ဆောင်ချင်နေပါပြီ။ အဲ့တာက ဘယ်တုန်းကမှမလွယ်ကူခဲ့ပါဘူး။ အပြင်ဘက်ကနေကြည့်ရင် အဲ့တာက လွယ်ကူသလိုထင်ရပေမယ့် တကယ်တော့ မလွယ်ပါဘူး။

ဥရောပချန်ပီယံတွေ ကျွန်တော်တို့လိုအသင်းတွေလည်း ဥပမာတွေအများကြီးရှိပါတယ်။ အဲ့နောက် ကျွန်တော်တို့ ကမ္ဘာ့ဖလားမကစားရပါဘူး။ ကျွန်တော်တို့ အားလုံးထွက်ခွာခဲ့ရပါတယ်။အုပ်စုအတွင်းမှာ ဘယ်လောက်ခက်ခဲလဲဆိုတာ သိပါတယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်အခုလိုနိုင်ငံအသင်းမှာပါဝင်ခွင့်ရတဲ့အတွက် ပျော်ပါတယ်”လို့ မိုရာတာက ပြောကြားခဲ့ပါတယ်။ စပိန်အသင်းဟာ လာမယ့်စက်တင်ဘာ ၅ နဲ့ ၈ ရက်နေ့တွေမှာ ဘူလ်ဂေးရီးယား ၊ တူရကီတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

မိုရာတာကတော့ အဆိုပါပွဲတွေမှာ ပွဲဦးထွက်ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်နေပြီး သူ့အနေနဲ့ အသင်းကိုဦးဆောင်နိုင်မယ့်သူမဟုတ်ပေမယ့် လူငယ်တွေအတွက်တော့ အသုံးဝင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။