ဂျာအိုပက်ဒရိုက ဘာကြောင့် အနီကဒ်ကို ရှောင်လွှဲနိုင်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ပရီးမီးယားလိဂ်
ဘရန့်ဖို့ဒ်ကစားသမား ယာမိုယုခ်ကို တံတောင်ဖြင့်တိုက်ဖို့ကြိုးစားခဲ့သော်လည်း ဘရိုက်တန်စတား ဂျာအိုပက်ဒရိုက ဘာကြောင့်အနီကဒ်ကို ရှောင်လွှဲနိုင်ခဲ့သလဲဆိုတာကို ပရီးမီးယားလိဂ်က ရှင်းပြလိုက်ပါတယ်။
ဒီအဖြစ်ပျက်က ယာမိုယုခ် ဝင်လာရောက်လာခဲ့တဲ့ အစောပိုင်းမိနစ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး သူဟာ ပက်ဒရိုရဲ့ ကျော်ဖြတ်မှုကိုကြိုးစားရင်း ဂျာဆီကိုဆွဲခဲ့တာဖြစ်ပါတယ်။ ဒေါသထွက်သွားတဲ့ ပက်ဒရိုဟာ တံတောင်ဖြင့် ယာမိုယုခ်ကို တိုက်ဖို့ကြိုးစားခဲ့သော်လည်း မထိခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် အန်ဒီမက်ဒလေက ပွဲကိုရပ်တန့်ခဲ့ပြီး ဂျာစီကိုဆွဲခဲ့တဲ့ ယာမိုယုခ်ကို အဝါကဒ်ပြသခဲ့ပါတယ်။ သို့သော်လည်း VAR ဒိုင်လူကြီးက ပက်ဒရိုရဲ့အပြုမူကို ပြန်လည်စစ်ဆေးဖို့ ပြောခဲ့တာကြောင့် ပွဲကိုထပ်မံရပ်တန့်ခဲ့ပါတယ်။ ပက်ဒရိုရဲ့အပြုမူကို ပြန်ကြည့်ခဲ့သော်လည်း အရေးယူမှုတော့ မလုပ်ခဲ့တာပါ။
နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ဟာ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး X ကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ "ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်က မရှင်းလင်းပြီး မှားယွင်းနေတယ်လို့ ယူထားခဲ့တဲ့ VAR တွင် စစ်ဆေးအတည်ပြုပြီးနောက် ပက်ဒရိုရဲ့ ကြမ်းတမ်းတဲ့အပြုမူအပေါ် အနီကဒ်မပြဖို့ ဒိုင်လူကြီးက လုပ်ခဲ့တာပါ" လို့ ရေးသားထုတ်ပြန်ထားပါတယ်။
ဘရန်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်ကတော့ သဘောမတူညီခဲ့တာဖြစ်ပြီး ပက်ဒရိုရဲ့လုပ်ရပ်က ထုတ်ပယ်ခံရမှာဖြစ်ပါတယ်လို့ ပြောထားပါတယ်။ "ဒါဟာ အနီကဒ်လို့ ကျွန်တော်ထင်ပါတယ်။ လက်မောင်းကို ဒီလောက်အထိလွှဲလိုက်ဖို့ မသင့်ပါဘူး။ အဲ့ဒီလုပ်လိုက်တာနဲ့ ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ ကျွန်တော်နားလည်ထားတဲ့ ဥပဒေအရ ဒါဟာ အနီကဒ်ပါ" လို့ Amazon Prime သို့ ပြောပါတယ်။
ဘရိုက်တန်နည်းပြက ဟဇလာကတော့ သူ့ရဲ့ကစားသမားအပေါ် ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ ဖရန့်ခ်ရဲ့ ပြောကြားမှုအပေါ် ဘရိုက်တန်နည်းပြက "ဒါဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့အရာတစ်ခုပါ"
"ကျွန်တော့်အမြင်ကတော့ မတူပါဘူး။ ဒါဟာ အနီကဒ်မဟုတ်ပါဘူး။ ဘာလို့အနီကဒ်ဖြစ်ရမှာလဲ။ ဒါဟာ ဆွဲထားသူထံကနေ လွတ်သွားဖို့အတွက် ကြိုးစားလိုက်တာပါပဲ" လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ကလက်တန်ဘက်က ပက်ဒရိုရဲ့အပြုမူက ဘာကြောင့် ပြင်းထန်တဲ့လုပ်ဆောင်မှုနှင့် မညှိတာလဲဆိုတာကို ရှင်းပြထားပါတယ်။
"ကျွန်တော်သေချာကြည့်လိုက်တော့ ဒါဟာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်မှုပါ။ နောက်ကနေ ကြည့်မယ်ဆိုရင်ပေါ့။ တံတောင်ကို လွှဲလိုက်တဲ့အချိန်မှာ သူက မက်ဒလေကို ကြည့်လိုက်တာပါ" "သူ့ရဲ့လက်မောင်းက ခန္ဓာကိုယ်နဲ့နီးကပ်စွာရှိနေပြီး ဒါဟာ ဒိုင်လူကြီးကို ပြသလိုက်တဲ့ အမူအယာဖြစ်ပါတယ်။ ဒါဟာ ပုံမှန်ထက်မပိုတဲ့ လုပ်ဆောင်မှုလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါဟာ ဒိုင်လူကြီးကိုပြသလိုက်တဲ့ အမူအယာဖြစ်ပြီး သူဟာ လုပ်ချင်တယ်ဆိုရင် ကြမ်းကြမ်းတမ်းတမ်းကြီး လုပ်လိုက်မှာပါ" လို့ သူက ပြောပါတယ်။
ထုတ်ပယ်ခြင်းသာခံရမယ်ဆိုရင်တော့ ၂၀၂၃ ခုနှစ် မေလ တွင် ဘရိုက်တန်သို့ရောက်ပြီးကတည်းက ပထမဆုံးအနီကဒ်ဖြစ်သွားမှာပါ။ ပွဲပယ်ခြင်းမရှိတာကြောင့် တိုက်စစ်မှူးဟာ တနင်္လာနေ့ ဗီလာနှင့်ပွဲမှာ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။