The network connection is lost.

Banner Image

ဘရာဇီးအသင်းရဲ့ လူစာရင်းမှာ မပါတော့ဘူးလို့ ထင်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့် ဂျာအိုပက်ဒရို

ချဲလ်ဆီးတိုက်စစ်မှူး ဂျာအိုပက်ဒရိုဟာ လာမယ့်ခြေစမ်းပွဲတွေအတွက် ဘရာဇီးအသင်းရဲ့ လူစာရင်းမှာ သူပါဝင်ခြင်းမရှိဘူးလို့ ထင်မှတ်ခဲ့တာပါ။ ဘရာဇီးအသင်းဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ပြင်သစ်၊ ခရိုအေးရှားတို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ရှိနေပြီး သူတို့ဟာ ကမ္ဘာ့ဖလားကို ထပ်မံဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဘရန့်ဖော့ဒ်တိုက်စစ်မှူး အီဂေါသီယာဂိုနဲ့ ဘုန်းမောက်တောင်ပံကစားသမား ရိုင်ယန်တို့ဟာ ဘရာဇီးအသင်းဆီ ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူခံခဲ့ရပေမဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားကိုတော့ နည်းပြ အန်ဆယ်လော့တီက လုံးဝချန်လှပ်ထားခဲ့ပါတယ်။ နည်းပြ အန်ဆယ်လော့တီဟာ မတ်လအတွင်း ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် ကစားသမား ၂၆ ဦးစာရင်းကို ဘရာဇီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Panela SporTV ကနေ တိုက်ရိုက်ကြေညာခဲ့တာပါ။ ဒါပေမဲ့ နည်းပြက ကစားသမား ၂၅ ယောက်ပဲ နာမည်ခေါ်ခဲ့ပြီး ပက်ဒရိုရဲ့နာမည်ကိုတော့ ထည့်မပြောခဲ့ပါဘူး။ ပက်ဒရိုဟာ နောက်ဆုံးကစားထားတဲ့ ၁၄ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားတာဖြစ်ပြီး ဒါရိုက်တာဖြစ်သူ ရိုဒရီဂိုကေတာနိုက အန်ဆယ်လော့တီကို ပက်ဒရို ပါဝင်တယ်ဆိုတာနဲ့ အီတလီလူမျိုးနည်းပြက နာမည်ကျန်ခဲ့တာဖြစ်ကြောင်း အမြန်ဆုံး အသိပေးခဲ့ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်က ဒီမှားယွင်းမှုအပေါ် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက ဂုဏ်ပြုစကားပြောချိန်မှာတော့ ရယ်မောပြီး တုံ့ပြန်ခဲ့ပါတယ်။ ၎င်းက "လက်ရွေးစင်အသင်း ခေါ်ယူခံရတိုင်း ပထမဆုံးအကြိမ်လိုပဲ ရင်ခုန်ရတုန်းပါပဲ။ နည်းပြ အန်ဆယ်လော့တီက လူစာရင်းကြေညာတာ အဆုံးသတ်လိုက်ချိန်မှာတော့ 'ဒုက္ခပဲ၊ ငါတော့ ချန်လှပ်ခံလိုက်ရပြီ' လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ အဲဒီနောက် လူတိုင်းက ကျွန်တော့်ဆီ ဖုန်းဆက်လာကြတယ်၊ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး။ အဲဒီနောက်မှာတော့ 'ငါပါသွားပြီ၊ ငါပါသွားပြီဟေ့' လို့ ပြန်တွေးမိခဲ့တယ်။ အခုလို ပါဝင်ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ လက်ရှိမှာ ကျွန်တော့်ဘဝရဲ့ ထူးခြားတဲ့အချိန်တွေကို ဖြတ်သန်းနေရတာဖြစ်ပြီး ပြင်သစ်နဲ့ ခရိုအေးရှားကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ ပက်ဒရိုဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ပြီး သူသာ လူစာရင်းမှာ မပါဝင်ခဲ့ရင် တကယ်ကို အံ့ဩစရာဖြစ်မှာပါ။ သူသာ အခုလို ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပွဲထွက်လူစာရင်းအတွက် ပထမဦးစားပေး ကစားသမားတစ်ဦး ဖြစ်လာမှာ သေချာပါတယ်။