ဖရိုင်းဘတ်ဂိုးသမားအာတူဘိုလူကို အနီးကပ်စောင့်ကြည့်နေတဲ့ ဘရိုက်တန်
ဘရိုက်တန်အသင်းက ဖရိုင်းဘတ်ဂိုးသမားအာတူဘိုလူကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။
ဘရိုက်တန်ရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်သူ ဘတ်ဗာဘရူဂန်ကို ဥရောပအခြေစိုက် ကလပ်အသင်းတွေက စိတ်ဝင်စားနေကြလို့ အသင်းတာဝန်ရှိသူတွေက လာမယ့်နွေရာသီမှာ သူ့နေရာမှာ အစားထိုးဖို့ စဉ်းစားနေကြပြီး အာတူဘိုလူကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
Sky Deutschland သတင်းထောက်ပလက်တန်ဘာ့ဂ်ျရဲ့အဆိုအရ ဘရိုက်တန်အသင်းက အာတူဘိုလူကို ဒီရာသီမှာ အနီးကပ်စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိဂိုးသမားက ဖရိုင်းဘတ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။
သူက ဂျာမနီ ယူ-၂၁ လက်ရွေးစင်အသင်းမှာ ပါဝင်ကစားပေးနေသလို ဒီရာသီမှာ နည်းပြနာဂယ်စ်မန်းရဲ့ ဂျာမနီစီနီယာလက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။