The network connection is lost.

Banner Image

နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် သောမတ်စ်ဖရန့်ခ်ကို ရာထူးက ထုတ်ပယ်လိုက်တဲ့ တော့တင်ဟမ်

ယနေ့နံနက် နယူးကာဆယ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်အသင်းက နည်းပြ သောမတ်စ်ဖရန့်ခ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။
၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တော့တင်ဟမ်က တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာမှာပဲ ရှိနေပြီး လာမယ့်ပွဲအဖြစ် အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲ ကစားရမှာ ဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ပွဲ ရလဒ်ဟာ ဒီရာသီမှာ တော့တင်ဟမ်ရဲ့ ၁၁ ကြိမ်မြောက် ရှုံးနိမ့်မှုဖြစ်ပြီး ပရီးမီးယားလိဂ်အဆင့် ၁၆ နေရာကို ရောက်သွားခဲ့ပါတယ်။ 
တော့တင်ဟမ်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီကုန်မှာ ဘရန့်ဖို့ဒ်ကနေ ထွက်ခွာလာပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဖရန့်ခ်ဟာ တော့တင်ဟမ်အသင်းမှာ ၃၈ ပွဲပဲ ကိုင်တွယ်ခဲ့ရပြီး ၁၃ ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ၁၅ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။