The network connection is lost.

Banner Image

မာရက်စ်ကာကို ခန့်အပ်တဲ့အကြောင်းအပြင် ချဲလ်ဆီး ကစားသမားသစ်တွေအကြောင်း တုံ့ပြန်လာတဲ့ ပယ်လ်မာ

ချဲလ်ဆီးစတား ပယ်လ်မာက သူ့အနေနဲ့ အခုနွေရာသီမှာ မာရက်စ်ကာနဲ့ ပေါင်းဆုံချင်နေပြီလို့ ပြောကြားခဲ့သလို ကစားသမားသစ်တွေဖြစ်တဲ့ ဝီလီယံနဲ့ ကန်ဒရေတို့က သူ့ရဲ့အောင်ပွဲခံမှုကို အတုခိုးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ပယ်လ်မာဟာ ၂၀၂၃ စက်တင်ဘာ ၁ ရက်နေ့တုန်းက မန်စီးတီးထံကနေ ချဲလ်ဆီးထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေကြောင့် တန်ကြေးက မြင့်တက်လာခဲ့ပါတယ်။ ပယ်လ်မာက ချဲလ်ဆီးမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့ပြီး ၂၂ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီးနိုင်ခဲ့ကာ ချဲလ်ဆီးအသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

အဆိုပါစွမ်းဆောင်ရည်ကောင်းတွေကြောင့် ပယ်လ်မာဟာ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်လာခဲ့ပေမယ့် ဂျာမနီမြေမှာ  ၂ ပွဲသာ လူစားဝင်ခွင့်ရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအပတ် ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ်ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။

ပယ်လ်မာတစ်ယောက် ပိုချက်တီနိုလက်အောက်မှာ တောက်ပခဲ့ပေမယ့် အသင်းကတော့ ဆုဖလားတွေအပြင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ပိုချက်တီနိုကတော့ ထွက်ခွာခဲ့ပြီဖြစ်ကာ သူ့နေရာမှာ နည်းပြသစ် မာရက်စ်ကာက အစားဝင်လာခဲ့ပါတယ်။

မာရက်စ်ကာနဲ့ပတ်သက်ပြီး ပယ်လ်မာက “မှန်ပါတယ်။ သူနဲ့ကျွန်တော် မန်စီးတီးမှာကတည်းက သိထားပြီးသားပါ။ အဲ့တာက ကျွန်တော့်အတွက်အများကြီးအလုပ်ဖြစ်စေပါတယ်။  ကျွန်တော်တို့ နောက်ပြန်မသွားချင်ပါဘူး။ နည်းပြအသစ်နဲ့အတူ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ချင်ပါတယ်။ မန်စီးတီးယူ - ၂၁ မှာ သူနဲ့သိခဲ့ပြီးသားပါ။ ကျွန်တော်သူနဲ့ရာသီအပြည့်တစ်ခုဖြတ်သန်းခဲ့ဖူးပါတယ်။ အဲ့နောက် သူထွက်ခွာခဲ့ပြီး ပြန်လာခဲ့ပြီးနောက် ဂွါဒီယိုလာနဲ့ပူးပေါင်းခဲ့ပါတယ်”လို့ ပယ်လ်မာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အခုအပြောင်းအရွှေ့မှာ အလုပ်များနေပြီး ဝီလီယံ ၊ ကန်ဒရေတို့ကို ခေါ်ယူထားနိုင်ခဲ့သလို အဒါရာဘိုင်ယိုနဲ့ ဟောတို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဘရာဇီးသား ဝီလီယံ နဲ့ အီကွေဒေါသား ကန်ဒရေတို့ကတော့ ပယ်လ်မာ အောင်ပွဲခံတဲ့ပုံစံနဲ့ အောင်ပွဲခံလေ့ရှိတာဖြစ်ပါတယ်။

အင်္ဂလန်သားက အဆိုပါအခြေအနေက ကောင်းမွန်ပေမယ့် အခြားကစားသမားတွေ သူ့လိုလိုက်လုပ်တာက နည်းနည်းကသိကအောက်ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ အခြားကစားသမားတွေ ပုံတူအောင်ပွဲခံလေ့ရှိလားဆိုတဲ့အပေါ် ပယ်လ်မာက “မှန်ပါတယ်။ ကျွန်တော်ကစားသမားအနည်းငယ်လောက်အောင်ပွဲခံတာ မြင်ဖူးပါတယ်။ ချဲလ်ဆီးခေါ်လိုက်တဲ့ကောင်လေး ၂ ကောင်လည်း ကျွန်တော်အောင်ပွဲခံတာနဲ့ ဆင်တူပါတယ်။ အခြားကစားသမားအနည်းငယ်လည်းလုပ်ပါတယ်။ အဲ့တာက ကောင်းပါတယ်။ လာမယ့်နှစ်မှာ ကျွန်တော်တို့အတူတူကစားခွင့်ရရင်ပိုကောင်းမှာပါ။ နိုးပါ။ သူတို့ကို ကျွန်တော် ယူဆောင်ခွင့်မပေူပါဘူး။ သူတို့က ကျွန်တော့်ကို အတုခိုးနေတာပါ။ အဲ့တာက အနည်းငယ်တော့ ကသိကအောက်ဖြစ်စေပါတယ်”လို့ ပယ်လ်မာက ပြောကြားခဲ့ပါတယ်။