
အေစီမီလန်စတားအသစ်ရဲ့ခြေစွမ်းကို ချီးကျူးလိုက်တဲ့ ဂန္ထဝင်ဟောင်း အန်ဘရိုဆီနီ
အေစီမီလန်ဂန္ထဝင်ဟောင်း အန်ဘရိုဆီနီကတော့ ကစားသမားသစ် ဝေါ်လ်ကာရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ဝေါ်လ်ကာဟာ မန်စီးတီးအသင်းထံကနေ မီလန်အသင်းထံ ကနဦးအငှားနဲ့လာရောက်ကစားနေတာဖြစ်ပြီး ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူနိုင်တာဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ အင်္ဂလန်သားဟာ အတွေ့အကြုံကောင်းတွေနဲ့အတူ အီတလီမြေမှာ အလျင်အမြန်အထိုင်ကျလာခဲ့တာဖြစ်ပါတယ်။
အင်တာမီလန်ရဲ့ဒါဘီပွဲမှာ ပွဲဦးထွက်ပါဝင်ခဲ့ပြီးနောက် မီလန်ဂန္ထဝင်ဟောင်း အန်ဘရိုဆီနီက “ဝေါ်လ်ကာတစ်ယောက် မီလန်အသင်းထံပြောင်းလာတာကိုမြင်ရတာ ကျွန်တော်အနည်းငယ် အံ့အားသင့်မိပါတယ်။ ဘာလို့လဲဆိုတော့ သူကနောက်ဆုံး ၅ နှစ် ဒါမှမဟုတ် ၆ နှစ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်ခဲ့တာပါ။ အချိန်ကာလတစ်ခုက ဘောလုံးရပ်ဝန်းကိုပြောင်းလဲခဲ့သလို လူတိုင်းက အရာအားလုံးလုပ်ဆောင်ခဲ့ပြီးပါပြီ။အထူးသဖြင့် နောက်ခံလူတွေပါ။ အခုချိန်မှာ ဝေါ်လ်ကာတစ်ယောက် မီလန်နဲ့အတူ ခြေစွမ်းပြနိုင်တာကို မြင်ရတာ ကောင်းပါတယ်။
သူစွမ်းဆောင်ရည်ကောင်းပြသနိုင်မယ်ဆိုတာကို သံသယမရှိပါဘူး။ သူက မီလန်ရဲ့ခံစစ်ကိုပြောင်းလဲစေခဲ့သလို တကယ်လိုအပ်နေတဲ့ကစားသမားမျိုးလည်း ဖြစ်ခဲ့ပါတယ်”လို့ အန်ဘရိုဆီနီက ပြောကြားခဲ့ပါတယ်။ ဝေါ်လ်ကာဟာ မီလန်ရဲ့နောက်ဆုံးပွဲမှာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရပြီး လီအိုက သူ့နေရာ အစားဝင်ခဲ့ပါတယ်။ လာမယ့်ဖီယင်နုနဲ့ ချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲမှာတော့ အင်္ဂလန်သားအနေနဲ့ မိနစ် ၉၀ ပြည့်ပါဝင်လာဖွယ်ရှိနေပြီး ပထမအကျော့မှာတုန်းက ၁-၀ နဲ့အနိုင်ရရှိထားခဲ့ပါတယ်။