The network connection is lost.

Banner Image

ဘိုဂါရဲ့ခြေစွမ်းအပေါ် ကျေနပ်အားရနေတဲ့ ဂျူဗင်တပ်စ်တာဝန်ရှိသူများ

ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေက ဘိုဂါရဲ့စွမ်းဆောင်ရည်အပေါ် အားရကျေနပ်နေကြပါတယ်။

လက်ရှိမှာ ဂျူဗင်တပ်အသင်းက ဘိုဂါကို အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူဖို့ နီးစပ်နေပါပြီ။ ဘိုဂါဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း နိုက်စ်မှ ဂျူဗင်တပ်စ်ဆီ အငှားဖြင့်ရောက်ရှိလာပြီး အသင်းမှာ ချက်ချင်းဆိုသလို ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

တောင်ပံခံစစ်နေရာမှာကစားတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားက လက်ရှိအချိန်အထိ ဂျူဗင်တပ်စ်အတွက် ခုနစ်ပွဲပါဝင်ကစားပေးထားရာမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အခုလို ခြေစွမ်းကောင်းတွေကြောင့် ဂျူဗင်တပ်စ်တာဝန်ရှိသူတွေဟာ ဘိုဂါကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေကြပြီလို့ La Gazzetta dello Sport သတင်းစာမှ ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးလူငယ်ကစားဟောင်းဘိုဂါဟာ လာမယ့်ဇွန်လအထိ အခမဲ့အငှားစာချုပ်ဖြင့် ဂျူဗင်တပ်စ်ဆီ ရောက်ရှိလာသူဖြစ်ပြီး သူ့ရဲ့စာချုပ်ထဲမှာ ယူရို ၄ ဒဿမ ၈ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်နေပါတယ်။