The network connection is lost.

Banner Image

မက်ဂွါရီရဲ့ နောက်ကျဂိုးကို ဂိုးအဖြစ် မသတ်မှတ်သင့်ပါဘူးလို့ ပြောကြားလိုက်တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက ယူနိုက်တက်ဟာ လက်စတာစီးတီးနှင့် ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်တွင် ထောင်ထဲမှ လွတ်မြောက်သွားခဲ့တယ်လို့ ပြောကြားခဲ့ပြီး ပထမပိုင်းဟာ ဆိုးဝါးတဲ့ စွမ်းဆောင်မှုဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားဖြစ်သူ ရွိုင်ကိန်းက အဟောင်းအသင်း ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်က ပထမပိုင်း ၄၅ မိနစ်ကို ဆိုးရွားတယ်လို့ ဝေဖန်ခဲ့တာပါ။ အိုင်းရစ်လူမျိုး ရွိုင်ကိန်းက မက်ဂွါရီရဲ့ နောက်ကျဂိုးကလည်း လူကျွံအနေအထားမှာ ဖြစ်နေတာကြောင့် ပယ်ဖျက်သင့်တယ်လို့ပါ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

သူက ITV Sport သို့ ပထမပိုင်းအပြီး၌ "ဒါဟာ ဆိုးဝါးတယ်။ တကယ့်ကို ညံ့ဖျင်းပါတယ်။ ဒီယူနိုက်တက်အသင်းကို ကြည့်လိုက်ရင် အချက်အလက်တွေအားလုံးက ဂိုးပေါက်တည့်တဲ့ ကန်ချက်တွေ မရှိဘူး ပဲလေ့စ်နဲ့ အိမ်ကွင်းတွင် ၂-၀ ဂိုးနဲ့ ရှုံးတုန်းကလည်း ဂိုးပေါက်တည့်တာ နှစ်လုံးပဲ ရှိပါတယ်။ သူတို့တွေက အခုဆို ပျင်းစရာကောင်းနေပါပြီ။ ယူနိုက်တက်အသင်းသားတွေကို ဘောလုံးပွဲဆိုတာ ဘာလဲဆိုတာ သတိပေးသင့်သလို ခံစားနေရပါတယ်။ ဂိုးက ဟိုဘက်မှာ ဘောလုံးကို ဂိုးထဲသွင်းရမယ်။ သူတို့တွေက ဒါကို သတိမထားမိသလို ဖြစ်နေပါတယ်။ လက်စက်စတာက သိပ်မကောင်းပေမယ့် သူတို့က ပိုပြီး လျင်မြန်ပြီး ရှေ့ရောက်နေတာ မှန်ပါတယ်။ ယူနိုက်တက်က လုံလောက်မှု မရှိဘူး စွမ်းအင်မရှိဘူး" လို့ ပြောကြားခဲ့ပါတယ်။

ပွဲအပြီးတွင် ရွိုင်ကိန်းက "စည်းကြပ်ဒိုင်က မက်ဂွါရီ လူကျွံနေတာကို မြင်ရပါမယ်။ ယူနိုက်တက်က ဒီည ထောင်ထဲက လွတ်သွားသလိုပါ။ သူတို့ရဲ့ စွမ်းဆောင်မှုက လုံလောက်မှု မရှိဘူး" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရတဲ့ လက်စက်စတာနှင့် ကစားရာတွင် ယူနိုက်တက်က အချိန်တစ်ခုအထိ နောက်ကျခဲ့သော်လည်း အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်ရန် ဆက်လက်ကြိုးစားနေပါတယ်။ ရွိုင်ကိန်းတစ်ဦးတည်းသာ ယူနိုက်တက်ကို ဝေဖန်ခဲ့သည်မဟုတ်ပါ။ မန်နေဂျာ အာမိုရင် ကလည်း သူရဲ့ ကစားသမားတွေက ကောင်းစွာ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း နှင့် နောက်ဆုံးဂိုးကို ပယ်ဖျက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အာမိုရင်ရဲ့ ယူနိုက်တက်ဟာ အက်ဖ်အေဖလားရဲ့ နောက်တဆင့တွင် မည်သည့်အသင်းနှင့် ကစားရမည်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။