The network connection is lost.
ဇာဗီရဲ့အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ဘာစီလိုနာ နောက်ခံလူ ကူဆာဘီတစ်ယောက် စပိန်စီနီယာအသင်း လူစာရင်းမှာ ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ်သားဟာ လာမယ့်နိုင်ငံတကာရက်သတ္တပတ်အတွက် ကိုလံဘီယာ ၊ ဘရာဇီးတို့နဲ့ကန်မယ့်ပွဲတွေမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
ကူဘာဆီအပြင် စပိန်အသင်းလူစာရင်းမှာ ယာမဲလ်လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ စပိန်ဟာ မတ်လ ၂၂ ရက်နေ့မှာ ကိုလံဘီယာနဲ့ကန်ရမှာဖြစ်ပြီး အဲ့နောက် ၄ ရက်အကြာမှာ ဘရာဇီးနဲ့ကန်မှာဖြစ်ပါတယ်။
ကူဘာဆီကို စီနီယာအသင်းမှာခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး စပိန်နည်းပြ ဒီလာဖူအန်ကီက “ပေါလ်က ခြေစွမ်းခြေစရှိတဲ့ကောင်လေးပါ။ ခင်ဗျားတို့အဲ့တာကို မြင်မှာပါ။ သူက အချိန်တိုအတွင်းမှာ တိုးတက်လာခဲ့ပြီး အခုလိုခေါ်ယူမှုနဲ့ထိုက်တန်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း သူစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့အတွက် ဝမ်းသာမိပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခုလိုမျိုးစပိန်စီနီယာအသင်းမှာ ကူဘာဆီတစ်ယောက် ပါဝင်နိုင်ခဲ့တာက သတင်းကောင်းဖြစ်လာခဲ့ပြီး လာမယ့်အချိန်တွေမှာလည်း ကလပ်အသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ အားထားရတဲ့သူဖြစ်လာနိုင်ဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။