The network connection is lost.
အိမ်ကွင်းမှာ အာဆင်နယ်ကို ၆ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ရှက်ဖီးလ်ယူနိုက်တက်နည်းပြ ခရစ္စဝိုက်ဒါက အာဆင်နယ်စတား ဆာကာရဲ့ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ တနင်္လာနေ့ညတုန်းက ရှက်ဖီးလ်ဟာ ပထမပိုင်းမိနစ် ၄၀ မှာတင် အာဆင်နယ်ကို ၄ ဂိုးပြတ်အထိ ခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။
ဆာကာဟာ အာဆင်နယ်အသင်းနိုင်ပွဲမှာ အခရာကျခဲ့ပြီး အင်္ဂလန်သားရဲ့ဖြတ်တင်ဘောက ဘိုဂလီနဲ့ထိပြီး ၁၃ မိနစ်မှာတင် ၂ ဂိုးပြတ်ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ ရှက်ဖီးလ်အသင်းကို ညာခြမ်းကနေ ဒုက္ခပေးနိုင်ခဲ့ပြီး ဒီကလန်ရိုက်စ်ရဲ့သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဝိုက်ဒါက ဆာကာဟာ ပထမပိုင်းမှာ အာဆင်နယ်လိုအပ်နေတဲ့အပိုင်းအစတွေကို ယူဆောင်လာပေးတဲ့သူတွေလို့ ဝန်ခံပြောကြားခဲ့ကာ ဧရိယာထဲမှာ ထူးချွန်တဲ့ကစားသမားလို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရှက်ဖီးလ်နည်းပြက မိမိတို့အသင်းဟာ အာဆင်နယ်အတွက် အရမ်းလွယ်လွန်းနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“အာဆင်နယ်က အရမ်းကိုထူးချွန်ခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကိုဒုက္ခမပေးနိုင်ခဲ့သလို သူတို့အတွက် အရမ်းလွယ်ကူနေပါတယ်။ တောင်ပံတွေမှာ ကျွန်တော်တို့ကိုဖြတ်တောက်ထားနိုင်ခဲ့ပြီး အသင်းတော်တော်များများကိုလည်း အဲ့လိုမျိုးလုပ်ခဲ့ပါတယ်။ အဲ့တာက ကျွန်တော်တို့အတွက် ကောင်းမွန်တာလို့မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နောက်ထပ်ရှည်လျားတဲ့ ညတစ်ညကို ဖြတ်သန်းခဲ့ရတာကြောင့်ပါ။ ဆာကာက အာဆင်နယ်လိုအပ်နေတဲ့အပိုင်းအစတွေကိုယူဆောင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ကစားကွက်အောက်မှာပဲ ကျွန်တော်တို့ စီးမျောခဲ့ရပါတယ်။ သူတို့ ၅ ဂိုးလောက်ရသွားချိန်မှာ ဘောလုံးပေးပို့မှုတွေ နဲ့ ရွှေ့လျားမှုတွေပဲလုပ်ပါတော့တယ်။ အဲ့နောက် သူတို့ကို တားဆီးဖို့ခက်ခဲသွားခဲ့ပါတယ်။ သူတို့လုပ်ခဲ့တာတွေ အတွက် ကျွန်တော်တို့မှာ အဖြေမရှိပါဘူး။ ရလဒ်က ဘာရလဒ်ဖြစ်ဖြစ် ကျွန်တော်တို့ ဆက်သွားရပါမယ်လို့ ဝိုင်လ်ဒါက ပြောကြားခဲ့ပါတယ်။ အဲ့နောက် ဆာကာတစ်ယောက် ပထမပိုင်းအပြီးမှာ ဗီအဲရာနဲ့ လူစားလဲခံခဲ့ရပြီး အာတီတာက ပွဲအပြီးမှာ အင်္ဂလန်သားအခြေအနေက နေမကောင်းသလိုဖြစ်နေတယ်လို့” ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ အဝေးကွင်းမှာ ရှက်ဖီးလ်ကို အိုဒီဂတ်၊ မာတီနယ်လီ၊ ကိုင်ဟားဗက်ဇ် ၊ ရိုက်စ်၊ ဘင်ဝှိုက်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် အာဆင်နယ်ဟာ ထိပ်ဆုံးနေရာက လီဗာပူးကို ၂ မှတ်အကွာ ၊ မန်စီးတီးကို ၁ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနေဆဲဖြစ်ပါတယ်။
ရှက်ဖီးလ်အတွက်တော့ ၁၁ ပွဲကစားဖို့ကျန်နေချိန်မှာ ၁၁ မှတ်ရယူနိုင်ခဲ့မယ်ဆိုရင် တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။