The network connection is lost.

Banner Image

အာဆင်နယ်ရဲ့အကြီးမြတ်ဆုံးခေါင်းဆောင်ကြီးလို့ ဒီကလန်ရိုက်စ်ကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဆာကာ

အသင်းခေါင်းဆောင်အိုဒီဂတ်ဒဏ်ရာရရှိနေချိန်မှာ အာဆင်နယ်ရဲ့ကပ္ပတိန်လက်ပတ်ကို ဆာကာ ဝတ်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဆာကာကိုယ်တိုင်ကတော့ ဒီကလန်ရိုက်စ်သာ အဝတ်လဲခန်းအတွင်း လွှမ်းမိုးနိုင်စွမ်း အကြီးမားဆုံးသူဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဆာကာက “ ဒီကလန်ရိုက်စ်ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ရုံသာမက ခေါင်းဆောင်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူက ဝက်စ်ဟမ်းမှာ ကပ္ပတိန်တာဝန်ယူခဲ့သလို အာဆင်နယ်အသင်းပတ်ဝန်းကျင်မှာလည်း ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်။ သူက အသင်းအတွက် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်။ သူက အသင်းအဝတ်လဲခန်းမှာ တာဝန်တွေ အများကြီးယူထားပြီး ကောင်လေးတွေကိုလည်း ဦးဆောင်လမ်းပြပေးနိုင်ပါတယ်။

ဒါကြောင့် သူ့ကို ဂုဏ်ပြုပါတယ်။ အခုလည်း ဒီမှာ သူ အကောင်းဆုံးလုပ်နေပါတယ်။ သူကိုယ်တိုင်လည်း ပုံစံကောင်းရရှိနေသလို စိတ်ခံစားချက်တွေပါ ကောင်းမွန်နေလို့ သူနဲ့အသင်းဖော်ဖြစ်ရတာ ကျွန်တော် ဝမ်းသာမိပါတယ်။
သူက သြဇာအာဏာအပြည့်နဲ့ ပြောဆိုတတ်ပါတယ်။ သူ့ရဲ့ပေါင်းသင်းဆက်ဆံမှုပုံစံက ကောင်းမွန်ပြီး အချိန်ကိုက် ဘာပြောရမလဲဆိုတာလည်း ကောင်းကောင်းသိပါတယ်။

ဒါပေမဲ့ ကွင်းထဲမှာရှိနေချိန် သူ့ရဲ့ကစားပုံကြောင့် ဒီအချက်ကို အထောက်အပံ့ပေးထားတယ်လို့ ထင်ပါတယ်။ သူက ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပြီး အမြဲတမ်းအဆင်သင့်ဖြစ်နေပါတယ်”လို့ ပြောပါတယ်။