The network connection is lost.

Banner Image

လီဗာပူးစတားကို ဝေဖန်လိုက်တဲ့ ကင်မရွန်းနည်းပြ မာ့ခ်ဘရိုင်ယန်

ပြင်သစ်အသင်းလူစာရင်းနဲ့ လွဲချော်ခဲ့ပြီးနောက် ကင်မရွန်းနည်းပြ မာ့ခ်ဘရိုင်ယန်က လီဗာပူးတိုက်စစ်မှူး အက်ကီတီကိုအား ဝေဖန်လိုက်ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ပထမဆုံး ၃ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း အက်ကီတီကိုတစ်ယောက် အခုလာမယ့်နိုင်ငံတကာရက်သတ္တပတ်အတွက် ပြင်သစ်အသင်းလူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သားဟာ ပြင်သစ် နဲ့ ကင်မရွန်း ၂ နိုင်ငံသားခံယူထားတာကြောင့် အာဖရိကနိုင်ငံအသင်းကိုလည်း ကိုယ်စားပြုခွင့်ရပေမယ့် ပြင်သစ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဘရိုင်ယန်က လီဗာပူးစတားဟာ ကင်မရွန်းနိုင်ငံအသင်းအတွက်ကစားပေးဖို့ မထိုက်တန်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော် သူနဲ့အဆက်အသွယ်မရှိပါဘူး။ သူကပြင်သစ်အသင်းအတွက်ပဲ အာရုံစိုက်ထားခဲ့တာပါ။ သူမအောင်မြင်သေးပါဘူး။ အခုတော့ ကင်မရွန်းက သူ့ရဲ့ဒုတိယမြောက်ရွေးချယ်မှုလား?။ ကျွန်တော်တို့ဘက်ကတော့ ဒုတိယရွေးချယ်မှုမျိုးမလိုချင်ပါဘူး။

သူက ကစားသမားကောင်းဖြစ်သလို အဲ့တာနဲ့ပတ်သက်ပြီးပြဿနာမရှိပါဘူး။ အခြေအနေတွေကို ကျွန်တော်ပြောပြပြီးပါပြီ။ သူ့အနေနဲ့ ဒီအသင်းမှာလာကစားဖို့ မထိုက်တန်ပါဘူး။
ကျွန်တော်တို့ဆီမှာ နှလုံးသားနဲ့ကစားတဲ့ကစားသမားကောင်းတွေပဲ လိုအပ်ပါတယ်။ အခြားအသင်းတစ်သင်းကိုပိုအာရုံရောက်နေတဲ့ကစားသမားမျိုးမလိုအပ်ပါဘူး”လို့ ဘရိုက်ယန်က ပြောကြားခဲ့ပါတယ်။

အက်ကီတီကီဟာ ပြင်သစ်အသင်းနဲ့အတူ ပွဲထွက်ခွင့်မရသေးပဲ ကင်မရွန်းအသင်းအတွက် ကစားပေးနိုင်ဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘရိုင်ယန်ကိုင်တွယ်နေချိန်မှာတော့ အဆိုပါအခြေအနေကဖြစ်လာဖွယ်မရှိတာဖြစ်ပါတယ်။ ဒါပေမယ့်  ဖရန့်ဖတ်စတားဟောင်းအနေနဲ့ လီဗာပူးအသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းဆက်လက်ပြသနိုင်နေမယ်ဆိုရင် ပြင်သစ်အသင်းက မကြာခင်မှာခေါ်ယူလာနိုင်ချေရှိနေပါတယ်။ ပီအက်စ်ဂျီစတားဟောင်းအနေနဲ့ လာမယ့်အာဆင်နယ်နဲ့ပွဲမှာလည်း ဂိုးထပ်မံသွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။