The network connection is lost.

Banner Image

အံ့အားသင့်စရာအမှားတွေကြောင့် အဖိုးတန်အနိုင်သုံးမှတ်နဲ့‌ဝေးကွာခဲ့တဲ့ လီဗာပူး

လိဒ်ယူနိုက်တက် ၃-၃ လီဗာပူး (ပွဲပြီးရလဒ်)

ပထမပိုင်းပွဲချိန်အပြီး ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ဒုတိယပိုင်းစတင်လာချိန်မှာပဲ အီကီတီကီရဲ့ခြေစွမ်းပြမှုဖြင့် လီဗာပူးတို့ ဦးဆောင်ဂိုးနှစ်ဂိုးတိတိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲကစားချိန်တွေမှာ အမှားတွေကျူးလွန်မိကာ ကယ်လ်ဗတ်လီဝင်(ပင်နယ်တီ)နဲ့ စတက်ချ်တို့ရဲ့ချေပဂိုးတွေကို ခွင့်ပြုပေးခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဆိုဘိုဆလိုင်းက နောက်ထပ်ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ တာနာကာက အိမ်ရှင်တွေအတွက် ချေပဂိုးကိုသွင်းယူခဲ့လို့ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့အယ်လန်ရုတ်ဒ်ခရီးစဉ်က စိတ်ပျက်စရာတွေနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။