
အီဆက်ကို ခေါ်ယူလိုက်ပြီးနောက် လီဗာပူးက ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ကြောင်း အာတီတာ ပြောကြား
မီကယ်အာတီတာက အလက်ဇန်းဒါးအီဆက်ကို ခေါ်ယူလိုက်တဲ့ လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ အင်အားအကောင်းဆုံးဖြစ်လာတယ်လို့ပြောကြားခဲ့ပါတယ်။ အီဆက်ဟာ နယူးကာဆယ်အသင်းကနေ လီဗာပူးထံ ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ၃ ရာသီဆက်တိုက် လိဂ်အမှတ်ပေးဖလားမှာ ဒုတိယနေရာရရှိခဲ့ပါတယ်။
ဂယ်ရီနဗီးလ်လို ဘောလုံးရေးရာ သုံးသပ်သူတချို့က အာဆင်နယ်အသင်းဟာ ဒီနှစ်မှာ ဖလားရရှိလိမ့်မယ်လို့ ထင်မြင်ကြပါတယ်။ အီဆက်ကိုခေါ်ယူလိုက်တာကြောင့် ပြိုင်ပွဲမှာ ဘယ်လိုပြောင်းလဲမှုတွေရှိလာနိုင်လဲဆိုတဲ့မေးခွန်းကို အာတီတာက "လီဗာပူးကတော့ အင်အားအကောင်းဆုံးအသင်းဖြစ်လာတာသေချာပါတယ်။ သူတို့က ဥရောပမှာ အရေးပါတဲ့ကစားသမားနှစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ သူတို့က တကယ်ကိုကောင်းကောင်းခေါ်ယူနိုင်ခဲ့တာပါ။
သူတို့ကအရမ်းကိုအားကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပြီး သူတို့ထက်ပိုကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတာကို စဉ်းစားရပါမယ်။ အဲဒါပါပဲ"လို့ ပြောခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အာဆင်နယ်ကို နောက်ဆုံးကစားခဲ့တဲ့လိဂ်ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။လီဗာပူးအသင်းဟာ အဖွင့်ပွဲစဉ် ၃ ပွဲစလုံးကိုအနိုင်ရရှိခဲ့တဲ့ တစ်သင်းတည်းသောအသင်းဖြစ်ပါတယ်။