
မာဒူကီကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီးနောက် ပေါင် ၂၇ သန်းတန် ကစားသမားကို ရောင်းချမယ့် အာဆင်နယ်
မီကဲလ် အာတီတာရဲ့ အသင်းဟာ အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် အပြောင်းအရွှေ့ကို အလျင်အမြန် ဆောင်ရွက်ခဲ့ပြီး သူဟာ ဂန်နာတို့နှင့် ၅ နှစ်စာချုပ် ချုပ်ဆိုထားကာ ယခုတနင်္ဂနွေနေ့ ချဲလ်ဆီးရဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးတွင် ပြောင်းရွှေ့မှုကို အပြီးသတ်မယ်လို့ မျှော်လင့်ရပါတယ်။
နိုနီ မာဒူကီဟာ အာဆင်နယ်ရဲ့ ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် စတုတ္ထမြောက် ကစားသမားသစ် ဖြစ်လာမည်ဖြစ်ပြီး ကီပါ အာရီဇာဘာလာဂါ ၊ ခရစ်ရှန် နော့ဂါးဒ် နှင့် မာတင် ဇူဘီမန်ဒီ တို့ကလည်း ကလပ်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အာဆင်နယ်ဟာ ခရစ္စတယ်ပဲလေ့စ် မှ အီဘီရီချီ အီးဇီး ကို ခေါ်ယူရန်လည်း ကြိုးပမ်းနေပြီး တိုက်စစ်မှူးအသစ်တစ်ဦးကိုလည်း ရှာဖွေနေပါတယ်။ သို့သော် စပို့တင်းမှ ဗစ်တာ ရောကရက်စ် အတွက် ဆွေးနွေးမှုများမှာ ယခုရက်သတ္တပတ်တွင် ရပ်တန့်သွားခဲ့ပါတယ်။
လီအန်ဒရို ထရော့ဆတ် ကမူ အာဆင်နယ်နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ပြီးခဲ့တဲ့နှစ်က ဆော်ဒီပရိုလိဂ် မှ စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ The Times ရဲ့ ဖော်ပြချက်အရ ဖီနာဘာချီ ဟာ အသက် ၃၀ နှစ်အရွယ် ကစားသမားနှင့် ကိုယ်ရေးကိုယ်တာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ အာဆင်နယ်နှင့် အပြောင်းအရွှေ့ကြေးအတွက် စတင်ညှိနှိုင်းတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ထရော့ဆတ်အတွက် ပေါင် သန်း ၂၀ တောင်းဆိုမှာဖြစ်ပြီး အပြောင်းအရွှေ့ကာလ မကုန်ဆုံးမီ အသင်းမှ ထွက်ခွာခွင့်ပြုရန် စိတ်ဝင်စားနေတယ်လို့ နားလည်ရပါတယ်။ ၂၀၂၃ ခုနှစ်တွင် ဘရိုက်တန် မှ ပေါင် ၂၇ သန်းဖြင့် ခေါ်ယူခဲ့တဲ့ ထရော့ဆတ်ဟာ အာဆင်နယ်အတွက် ၁၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၈ ဂိုးသွင်းယူကာ ၂၃ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အာတီတာဟာ ထရော့ဆတ်ကို "နည်းနည်းညည်းညူတတ်သူ" လို့ ဖော်ပြခဲ့သော်လည်း ဘယ်လ်ဂျီယံလက်ရွေးစင်က အာဆင်နယ်အသင်းတွင် "တကယ့်ကို ကောင်းမွန်တဲ့ စရိုက်လက္ခဏာ" ရှိသူဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
"လီယိုက သဘာဝအရ နည်းနည်းညည်းညူတတ်တယ် ဒါပေမဲ့ သူက ပြိုင်ဆိုင်မှု အရမ်းပြင်းတဲ့အတွက် ကျွန်တော် အဲဒါကို ကြိုက်တယ်။ လေ့ကျင့်ရေးဆင်းတဲ့အခါ သူက ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ အမြဲအလုပ်ရှုပ်နေတယ် ဘာလို့လဲဆိုတော့ သူ နိုင်ချင်လို့ပဲ။ အဲဒါကို ကျွန်တော် သဘောကျတယ်" လို့အာတီတာက ပြောကြားခဲ့ပါတယ်။
"သူက အမြဲတမ်း အကောင်းဆုံးဖြစ်ချင်တယ် သူ အကောင်းဆုံးမဖြစ်ရင် သူ မပျော်ဘူး။ ဒါပေမဲ့ အဲဒါကပဲ သူ့ကို တွန်းအားပေးတာ။ အဲဒီကနေ သူ ကွင်းထဲကို ရောက်လာတယ်၊ သူက သက်ရောက်မှုရှိအောင် လုပ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ သူ့မှာ 'ငါ ပြမယ်' လို့ ပြောတဲ့ စိတ်ဓာတ်၊ ဒေါသ ရှိတယ်။ သူ့အကြောင်းကို ကျွန်တော် သဘောကျပါတယ်"
"သူက တကယ့်ကို ကောင်းမွန်တဲ့ စရိုက်လက္ခဏာရှိတယ်။ သူတို့အားလုံး ကစားချင်ကြတယ်။ အမြဲ ကစားချင်ကြတယ်။ လီယိုက ပြီးခဲ့တဲ့ ၁၂ လအတွင်း ပိုပြီး တည်ငြိမ်မှု ပြသခဲ့တယ်၊ သူ ဒါနဲ့ ထိုက်တန်ပါတယ်။ သူ့နေရာမှာ ပြိုင်ဆိုင်မှု များခဲ့တယ်။ အဲဒါပါပဲ။ သူ အဲဒီအဆင့်မှာ ကစားရင် တခြားသူတွေလိုပဲ ကစားပါလိမ့်မယ်" "သူ့မှာ ပြိုင်ဘက်ရဲ့ဂိုးဧရိယာအတွင်း ထူးခြားတဲ့အရာတစ်ခုခုကို လုပ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်" လို့ အာတီတာက ပြောကြားခဲ့ပါတယ်။