The network connection is lost.

Banner Image

ဝင်ဘလေသို့ တစ်ကျော့ပြန်ရောက်ရှိမည့်အပေါ် အလွန်စိတ်လှုပ်ရှားနေကြောင်း အာဆင်နယ်ကွင်းလယ်လူ အီဘီရီချီ အီဇီ ဖွင့်ဟ

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အီဘီရီချီ အီဇီဟာ အသင်းနဲ့အတူ ဝမ်ဘလေကွင်းကြီးဆီ တစ်ကျော့ပြန် သွားရောက်ကစားရတော့မယ့်အပေါ် အလွန်အမင်း စိတ်လှုပ်ရှားနေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာ အာဆင်နယ်အသင်းက ၁ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး - ၂ ဂိုးနဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲကို ဝင်ဘလေအားကစားကွင်းကြီးမှာသွားရောက်ကစားရတော့မှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ အီဇီက "ဒါဟာ ကျွန်တော့်ရဲ့ အိပ်မက်အသင်းဖြစ်သလို ဒီမှာကစားဖို့က ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်။ အာဆင်နယ်နဲ့အတူ အနိုင်ရရှိဖို့နဲ့ အောင်မြင်မှုတွေရယူဖို့ဆိုတာ ကျွန်တော့်အတွက်တော့ အရေးကြီးဆုံးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားချင်သလို လိုအပ်တဲ့ စွမ်းဆောင်ရည်မျိုးကိုလည်း ပြသချင်နေတာပါ။ အခုလို အောင်မြင်မှုတွေ ရောက်လာမယ်လို့ ကျွန်တော် ယုံကြည်ထားသလို ဒီလိုလုပ်နိုင်စွမ်းရှိတဲ့ ကစားသမားတွေနဲ့ ယုံကြည်မှုမျိုး ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်။ ဆက်လက်ပြီးတော့လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။

အီဇီဟာ ပြီးခဲ့တဲ့ ရာသီကုန်ပိုင်းက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ဖူးသူဖြစ်ပြီး အခုအခါ အာဆင်နယ်အသင်းနဲ့အတူ ဝင်ဘလေကွင်းဆီ ထပ်မံသွားရောက်ရမှာ ဖြစ်ပါတယ်။

"ဒါက တကယ်ကို ထူးခြားပါတယ်။ ဒါဟာ ကစားသမားတိုင်း ပါဝင်ကစားချင်တဲ့ ပွဲမျိုးဖြစ်သလို အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသချင်တဲ့ ပွဲမျိုးလည်း ဖြစ်ပါတယ်။ အခုလို ဗိုလ်လုပွဲ ရောက်သွားတာဟာ တကယ်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ" လို့ အီဇီက ဖွင့်ဟခဲ့ပါတယ်။

တစ်ကွင်းလုံးမှာရှိတဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ပတ်သက်ပြီးတော့လည်း ၎င်းက "ပရိသတ်တွေရဲ့ အားပေးသံဟာ တစ်ကွင်းလုံးမှာ ဟိန်းထွက်နေခဲ့တာပါ။ အဲဒီအားအင်ကို ကျွန်တော်တို့ ခံစားမိခဲ့ပြီး ဒါဟာ အသင်းအတွက် အင်မတန် အားဖြစ်စေတဲ့ အခိုက်အတန့်ပါပဲ" လို့ ပြောပြခဲ့ပါတယ်။

အသင်းသားတွေရဲ့ ပေးဆပ်မှုနဲ့ ပတ်သက်လို့လည်း "အသင်းလိုက် စွမ်းဆောင်ရည်က အားရစရာပါ။ ဗိုလ်လုပွဲတက်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ကစားသမားတိုင်းဟာ အင်အားကုန်ခမ်းတဲ့အထိ ပင်ပန်းသွားကြတာကို တွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ တိုက်ပွဲဝင်ချင်တဲ့ ပွဲမျိုးဖြစ်နေလို့ ဒီလိုဖြစ်နေတာပါ" လို့ အီဇီက ဂုဏ်ယူစွာ ပြောကြားသွားခဲ့ပါတယ်။