ယူနိုက်တက်သို့ အန်တိုနီ ပြန်လာခဲ့ပြီးနောက် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တဲ့ ကစားသမားရဲ့ရည်းစားဟောင်း
အိမ်တွင်းအကြမ်းဖက်မှုစွပ်စွဲချက်များကို ဖြေရှင်းရန်အတွက် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကတည်းက ခွင့်ယူခဲ့ပြီးနောက် အန်တိုနီဟာ လေ့ကျင့်ရေးပြန်ဆင်းနေပြီး နောက်ထပ်ပွဲစဉ်တွေ အတွက် ရွေးချယ်နိုင်တော့မှာဖြစ်ကြောင်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
မန်ချက်စတာနှင့် အန်တိုနီရဲ့ဇာတိ ဘရာဇီးတွင် အတူရှိစဉ်အတွင်း အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ သူမအား အကြိမ်ပေါင်းများစွာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း ကာဗယ်လင်က စွပ်စွဲခဲ့ပါတယ်။ နောက်ထပ် အမျိုးသမီး နှစ်ဦးဖြစ်တဲ့ ရေဆာဒီဖာရီတက်စ်နှင့် အင်ဂရစ်လီနာတို့ကလည်း အလွဲသုံးစားလုပ်မှုဖြင့် ဘရာဇီးလက်ရွေးစင်ကို စွပ်စွဲမှုများ ပြုလုပ်ခဲ့ပါတယ်။
တောင်ပံကစားသမားဟာ ပြန်လည်ကစားနိုင်ပြီဖြစ်ကြောင်း ယူနိုက်တက်မှ အတည်ပြုပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။ ဒါ့အပြင် အမှုရဲ့နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဆိုင်းငံ့ထားကာ ပြန်လည်သုံးသပ်နေမှာဖြစ်ပါတယ်။
စနေနေ့ညနေခင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ ကာဗယ်လင်က တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်ပါတယ်။
MailOnline ရဲ့ ဖော်ပြချက်အရ "ကစားသမား ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို မန်ချက်စတာရဲတပ်ဖွဲ့နှင့် ဘရာဇီးရဲတပ်ဖွဲ့တို့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိရာ မကြာမီတွင် အန်တိုနီဟာ တရားရုံးသို့ ပို့ဆောင်ခံရမှာဖြစ်ပြီး တရားရင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ယုံကြည်ကြောင်း ကာဗယ်လင်ရဲ့ရှေ့နေတွေက ပြောထားပါတယ်" "အသင်းက သူ့ကို လေ့ကျင့်ရေးအတွက် ပြန်ခေါ်လာဖို့ ရည်ရွယ်ချက်နဲ့အတူ အမှားအယွင်းတွေ ဖန်တီးလာမယ်ဆိုတာ ငါတို့အတွက် ရှင်းနေပါတယ်" ဖြစ်ပါတယ်။
အန်တိုနီကတော့ သူ့အပေါ်စွပ်စွဲချက်တွေအားလုံးကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ မျှော်လင့်ထားသလိုပဲ စနေနေ့က ခရစ္စတယ်ပဲလေ့စ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ပွဲစဉ်မှာ အန်တိုနီက မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် သူဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့ပြီး ကစားသမားက သူ့ရဲ့ အင်စတာဂရမ် Story မှာ "ပြန်လာရတာ ကောင်းပါတယ်" လို့ ပို့စ်တင်ခဲ့ပါတယ်။