The network connection is lost.

Banner Image

မက်ဒရစ်ဒါဘီရှုံးပွဲမှာ ဘာတွေ လိုအပ်ချက်ရှိခဲ့လဲဆိုတာ ဖွင့်ဟလာတဲ့ အန်ဆယ်လော့တီ

ဒီနေ့မနက်ပိုင်း၊ မက်ဒရစ်ဒါဘီရှုံးပွဲနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အကြောင်းပြချက်ပေးဖို့ စိတ်မဝင်စားခဲ့ပါဘူး။
 
အသင်းအတွက် အရေးပါတဲ့ပွဲစဉ်မှာ မြို့ခံပြိုင်ဘက်ရဲ့အနိုင်ယူမှုနဲ့အတူ အန်ဆယ်လော့တီရဲ့အသင်းဟာ အခုရာသီလာလီဂါရာနှုန်းပြည့်နိုင်ပွဲဆက်မှတ်တမ်းကို ရပ်တန့်ပေးခဲ့ရပါတယ်။ မိုရာတာရဲ့ ခေါင်းတိုက်သွင်းဂိုးနှစ်ဂိုး၊ ဂရစ်ဇ်မန်းရဲ့ ခေါင်းတိုက်သွင်းဂိုး တစ်ဂိုးက အိမ်ရှင်အက်သလက်တီကိုမက်ဒရစ် အတွက် နိုင်ပွဲရယူဖို့ လုံလောက်စေခဲ့ပါတယ်။
 
အီတလီသားဝါရင့်နည်းပြကြီးကတော့ သူ့ရဲ့အသင်းဆီ အာရုံစိုက်လာမှုတွေ မရောက်လာစေချင်ဘဲ ရလဒ်ပိုင်းနဲ့ အသင်းစွမ်းဆောင်ရည်ပိုင်း အမှားအယွင်းတွေအတွက် တာဝန်ယူသွားခဲ့ပါတယ်။ အန်ဆယ်လော့တီက အခုပွဲစဉ်အတွက် စိုးရိမ်စရာတစ်ခုဖြစ်ခဲ့တဲ့ အသင်းရဲ့နည်းစနစ်ပိုင်းအပေါ် ဆွေးနွေးပြောဆိုဖို့ ပယ်ချလိုက်ပြီး ခံစစ်ပိုင်းအားနည်းချက်တွေနဲ့ စိတ်ဓါတ်ပိုင်းအားနည်းမှုတွေကြောင့် အသင်းဘက်က ပေးဆပ်ခဲ့ရတယ်လို့ ရှင်းပြလိုက်ပါတယ်။
 
“ကျွန်တော်တို့ ပွဲကို ကောင်းကောင်းမစတင်နိုင်သလို ခံစစ်ပိုင်းကိုလည်း ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး။ ပြိုင်ဘက်က နှစ်ဂိုးပြတ်ဦးဆောင်ခွင့်ရရှိသွားချိန် ပွဲက သူတို့အလိုရှိတဲ့ အတိုင်း ဖြစ်သွားခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ အက်သလက်တီကိုမက်ဒရစ်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ နည်းစနစ်ပိုင်းက ပြဿနာတစ်ရပ် မဟုတ်ဘူးလို့ ကျွန်တော်ယူဆမိပေမယ့် ခံစစ်ပိုင်းကတော့ အတော်လေး အားနည်းလွန်းခဲ့ပါတယ်။ ကျွန်တော်တို့အသင်း ကစားဟန်က ကျစ်ကျစ်လစ်လစ်ရှိမနေလို့ ပြိုင်ဘက်က ဒီအပေါ်မှာ အခွင့်ကောင်းယူသွားခဲ့ပါတယ်။ အသင်းက လုပ်ရမယ့်အလုပ်ကို မလုပ်ဆောင်နိုင်တော့ရင် ကျွန်တော့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒီတာဝန်ကို ကျွန်တော် ထမ်းဆောင်ပါမယ်။ ဒါက ကျွန်တော့်ရဲ့အမှားပါ”လို့ အန်ဆယ်လော့တီက ပြောပါတယ်။
 
စက်တင်ဘာ ၂၇ ရက်၊ အိမ်ကွင်းမှာ လက်စ်ပါးမားနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်တို့ ပြန်လည်နိုးထလာဖို့ လိုအပ်နေပါတယ်။