The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း အန်ဆယ်လော့တီကို ခေါ်ယူဖို့ ယူနိုက်တက်ကို ဂါရက်ဘေးလ် တိုက်တွန်း

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ဂါရက်ဘေးလ်က အန်ဆယ်လော့တီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်တာမျိုး မြင်တွေ့ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း အန်ဆယ်လော့တီဟာ လက်ရှိမှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဂါရက်ဘေးလ်ကတော့ အန်ဆယ်လော့တီကို ယူနိုက်တက်မှာ မြင်ချင်နေတာဖြစ်ပြီး Stick to Football ပေါ့ဒ်ကတ်စ်မှာ "သူဟာ အဲဗာတန်မှာတုန်းကလည်း ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ ယူနိုက်တက်ကို ကိုင်တွယ်မယ်ဆိုရင်လည်း အဆင်ပြေပြေနဲ့ အောင်မြင်မယ်လို့ ကျွန်တော်ထင်တယ်" လို့ ပြောခဲ့ပါတယ်။

"သူက မန်နေဂျာတစ်ယောက်တင်မဟုတ်ဘဲ နည်းပြကောင်းတစ်ယောက်လည်း ဖြစ်သလို နည်းစနစ်ပိုင်းဆိုင်ရာတွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်သူပါ။ ဒုတိယအကြိမ် ရီးရဲလ်ကို သူပြန်ကိုင်တဲ့အချိန်မှာ သူ့သားက နည်းပြအဖွဲ့ထဲမှာပါဝင်လာတော့ နည်းစနစ်ပိုင်းကို ပိုပြီးအလေးပေးလုပ်ခဲ့ပေမဲ့ ပထမအကြိမ်တုန်းက အသင်းက ပိုတောင့်တင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။"

"အန်ဆယ်လော့တီက ဘယ်ကိုသွားသွား လူတိုင်းကို စည်းလုံးအောင် လုပ်နိုင်စွမ်းရှိတဲ့အတွက် ဘယ်နေရာမှာမဆို အကောင်းဆုံး လုပ်နိုင်မှာပါ။ ယူနိုက်တက်လို ကစားသမားကောင်းတွေရှိတဲ့ အသင်းကြီးတစ်သင်းကို သွားမယ်ဆိုရင် သူက အဲဒီကစားသမားတွေဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ထုတ်ယူပေးနိုင်ပါလိမ့်မယ်။ ယူနိုက်တက်ကစားသမားတွေဟာ ပြီးခဲ့တဲ့ အပတ်အနည်းငယ်အတွင်းမှာ ခြေစွမ်းပြခဲ့ပေမဲ့ အရင်ကတော့ သိပ်မကောင်းခဲ့ပါဘူး၊ ဒါပေမဲ့ သူတို့ဆီမှာ ကစားသမားကောင်းတွေ ရှိနေတာတော့ အမှန်ပါပဲ။ သူက အဲဒီကစားသမားတွေဆီကနေ အကောင်းဆုံးတွေ ရအောင်လုပ်ပေးနိုင်မှာပါ။"

"သူက အရာအားလုံးကို ရိုးရိုးရှင်းရှင်းပဲ လုပ်သွားမှာပါ။ မိုက်ကယ်ကာရစ်ကို ကြည့်ရင်လည်း သိနိုင်ပါတယ်၊ သူဟာ အရင်နည်းပြလုပ်ခဲ့တဲ့ ရှုပ်ထွေးတာတွေကို ရိုးရှင်းအောင်လုပ်လိုက်လို့ အခု ရလဒ်ကောင်းတွေ ရနေတာပါ။ အဲဒါကပဲ အန်ဆယ်လော့တီရဲ့ ပါရမီပါပဲ၊ ကစားသမားတွေဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်ယူပြီး အရာရာကို ရိုးရှင်းအောင် လုပ်တတ်တာပါပဲ" လို့ ဂါရက်ဘေးလ်က ဆိုပါတယ်။