The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ပွဲမှာ မာဇရာဝီနဲ့ဒေါ်ဂူတို့အပါအဝင် ကစားသမား ၄ ယောက်အထိ လက်လွှတ်ရမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ သောကြာနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမဲ့ အဓိကကစားသမား ၄ ဦး မပါဝင်နိုင်ဘဲ ဖြစ်နေပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် အဆင့် ၄ အတွင်း နေရာခိုင်မာအောင် ကြိုးစားနေတဲ့ ယူနိုက်တက် ကို သောကြာနေ့ညမှာတော့ ဗိုက်တာလစ်တီးကွင်းမှာ ဘုန်းမောက်အသင်းက ဧည့်ခံကစားသွားမှာပါ။

မန်ယူအသင်းဟာ ၁၀ ယောက်တည်းကျန်တဲ့ နယူးကာဆယ်အသင်းကို စိန့်ဂျိမ်းစ်ပတ်ခ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့၊ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ အက်စတွန်ဗီလာကို ၃-၁ နဲ့ အနိုင်ယူပြီး အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ အဲ့ဒီနိုင်ပွဲကရလာတဲ့ ယုံကြည်မှုတွေကို အသုံးချပြီး ဘုန်းမောက်တို့ရဲ့မြေမှာ ရလဒ်ကောင်းအောင် ဆက်လက်ကြိုးစားသွားမှာပါ။

ယာယီနည်းပြ မိုက်ကယ်ကားရစ် လက်ထက် ၉ ပွဲကစားထားရာမှာ ၇ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ဒီရလဒ်တွေကြောင့် မန်ယူဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၆ က ချယ်လ်ဆီးအသင်းနဲ့ ၆ မှတ်အကွာမှာ ရှိနေတာပါ။

အသင်းရဲ့ အခြေအနေတွေက တိုးတက်ကောင်းမွန်နေပေမဲ့ ခံစစ်ပိုင်းမှာတော့ ဒေါ်ဂူ (ပေါင်ဒဏ်ရာ)၊ ဒီလစ်ချ် (ခါးအောက်ပိုင်းဒဏ်ရာ)၊ လီဆန်ဒရို မာတီးနက်ဇ် (ခြေသလုံးကြွက်သားဒဏ်ရာ) နဲ့ မာဇရာဝီ (ဖျားနာမှု) တို့ကို ကားရစ်တစ်ယောက် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

ကွင်းလယ်လူဟောင်း ကားရစ် အသင်းကို စတင်တာဝန်ယူကတည်းက ခံစစ်ပိုင်းဟာ အတော်လေး ကျစ်လျစ်လာခဲ့တာကြောင့် အခုပွဲမှာလည်း ခံစစ်အတွက် လီနီယိုရို၊ ဟာရီမက်ဂွါရီ လုခ်ရှောနဲ့ ဒီယေဂိုဒါလော့တို့ကိုပဲ ပြန်လည်အသုံးပြုသွားဖို့ ရှိနေပါတယ်။

ဘုန်းမောက်အသင်းဟာ မန်ယူနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံးမှာ ရှုံးနိမ့်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ မန်ယူကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၈ ပွဲအထိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာကြောင့် အခုသောကြာနေ့ပွဲစဉ်မှာလည်း အနိုင်ရဖို့ ရေပန်းစားနေပြီး ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။