The network connection is lost.

Banner Image

ဝုဗ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ယူနိုက်တက်အကြီးအကဲတွေကို ကစားသမား ၃ ဦးက တိုက်တွန်း

ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ အန်ဒရေကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းရဲ့ ဝါရင့်ကစားသမားကိုယ်တိုင်က အသင်းအကြီးအကဲတွေကို တိုက်တွန်းနေကြပါတယ်။ နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်ခင်မှာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ဘရာဇီးဝါရင့်ကွင်းလယ်လူ ကတ်စမီရိုတို့ နှစ်ဦးစလုံးဟာ အန်ဒရေကိုခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေကို အကြံပြုထားတယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

အန်ဒရေဟာ တန်းဆင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဝုဗ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒီကစားသမားရဲ့ ထူးချွန်တဲ့ခြေစွမ်းကြောင့် ဥရောပတိုက်တလွှားက ကလပ်အသင်းတော်တော်များများက သူ့ကို စောင့်ကြည့်လာကြတာပါ။

ဖာနန်ဒက်စ်နဲ့ ကတ်စမီရိုတို့အပြင် ဝုဗ်အသင်းဖော်ဟောင်း မားသီးယပ်စ် ကွန်ညာကလည်း အန်ဒရေကို ခေါ်ယူသင့်ကြောင်း အခိုင်အမာ ထောက်ခံပေးထားပါတယ်။ ကွန်ညာ အိုးထရက်ဖို့ဒ်ကို မပြောင်းရွှေ့ခင်မှာ သူတို့နှစ်ဦးဟာ မိုလီနူးစ်ကွင်းမှာ ပြီးခဲ့တဲ့ရာသီက တစ်ရာသီအတူတူ ကစားခဲ့ဖူးတာပါ။

ဝုဗ်အသင်းအနေနဲ့ တန်းဆင်းရဖို့ သေချာသလောက် ရှိနေတာကြောင့် အန်ဒရေဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဝုဗ်အသင်းကတော့ အဆိုပါကွင်းလယ်လူကို ရောင်းချဖို့အတွက် အနည်းဆုံး ပေါင် ၃၅ သန်းလောက် အလိုရှိနေပါတယ်။