The network connection is lost.

Banner Image

နယူးကာဆယ်ကြယ်ပွင့် ဂူမာရေးစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေမှာ ယူနိုက်တက် အခြေအနေကောင်းနေ

နယူးကာဆယ်အသင်းခေါင်းဆောင် ဘရူနို ဂူမာရေးစ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဆွေးနွေးမှုတွေဟာ သိသိသာသာ တိုးတက်မှုတွေ ရှိနေပါတယ်။

ဒီနွေရာသီမှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေတဲ့ ဒီဘရာဇီးလက်ရွေးစင်ကစားသမားကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်က အလားအလာအကောင်းဆုံး ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂူမာရေးစ်ကို ယူနိုက်တက်က သူ့ရဲ့ ဘရာဇီးအသင်းဖော် ကတ်စီမီရိုးနေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံး ဆက်ခံသူအဖြစ် သတ်မှတ်ထားတာပါ။

ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ဟာ ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းဝန်းကျင်နဲ့ သဘောတူညီမှုရဖို့ အခြေအနေကောင်းနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကလည်း သူတို့ရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် စိတ်ဝင်စားနေပေမဲ့ ယူနိုက်တက်ကတော့ သဘောတူညီမှုရယူနိုင်ဖို့ သူတို့ထက် အများကြီး ပိုပြီး ရှေ့ရောက်နေတာ ဖြစ်ပါတယ်။

ဂူမာရေးစ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကမှ လိုင်ယွန်အသင်းကနေ ပေါင် သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် နယူးကာဆယ်မှာ ၄ နှစ်မြောက်အဖြစ် ရှိနေတာဖြစ်ပါတယ်။