The network connection is lost.

Banner Image

သူ့ရဲ့နည်းပြမှုလက်အောက်မှု အတော်ဆုံးကစားသမားတွေက ပယ်လ်မာနဲ့ ဗာဒီတို့ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက သူ့ရဲ့နည်းပြမှုလက်အောက်မှာ အတော်ဆုံးကစားသမားတွေက လက်ရှိအသင်းရဲ့ကြယ်ပွင့်ကွင်းလယ်လူ ကိုးလ်ပယ်လ်မာနဲ့ လက်စတာကြယ်ပွင့်တိုက်စစ်မှူးဟောင်း ဂျေမီဗာဒီတို့ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
မာရက်စ်ကာက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ချဲလ်ဆီးကိုစတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်ကိုစတင်ရောက်ရှိကတည်းက ပယ်လ်မာကို အသင်းရဲ့အကောင်းဆုံးကစားသမားလို့ မကြာခဏချီးကျူးပြောဆိုခဲ့ပါတယ်။ 
ပယ်လ်မာအနေနဲ့လည်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၅ ပွဲကစားပြီးချိန်မှာ ၄၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ်အထိပြုလုပ်ကာ သူ့ရဲ့အစွမ်းအစကို သက်သေပြသထားနိုင်သူဖြစ်ပါတယ်။ သူ့ရဲ့နည်းပြသက်တမ်းတစ်လျှောက် ဘယ်ကစားသမားတွေကအတော်ဆုံးလဲလို့ မေးမြန်းခဲ့ရာမှာ မာရက်စ်ကာက "ပယ်လ်မာကတော့ သေချာပါက်အတော်ဆုံးတွေထဲမှာပါပါတယ်။ ပြီးတော့ အင်္ဂလန်ရဲ့အတော်ဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျေမီဗာဒီကလည်း ဒီထဲမှာပါပါတယ်။ ဗာဒီက ထိပ်တန်းကစားသမားဖြစ်သလို၊ လူကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ သူက စိတ်နှလုံးအရမ်းကောင်းတဲ့သူပါ" လို့ပြောကြားခဲ့ပါတယ်။ 
မာရက်စ်ကာဟာ ချဲလ်ဆီးကိုမကိုင်တွယ်မီက လက်စတာကိုဦးဆောင်ခဲ့ပြီး ဗာဒီနဲ့အတူ အသင်းကို ပရီးမီးယားလိဂ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ယခုအခါမှာ ဗာဒီကတော့ အီတလီစီးရီးအေကလပ် ခရီမိုနိစ့်သို့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပေမယ့် မာရက်စ်ကာရဲ့အမြင်မှာတော့ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဆက်လက်ကျန်ရှိနေဆဲဖြစ်ပါတယ်။