The network connection is lost.

Banner Image

ဘရိုက်တန်ကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ထားတဲ့ အာဆင်နယ်

အာဆင်နယ် ၂-၁ ဘရိုက်တန် (ပွဲပြီးရလဒ်)
အိုဒီဂတ် ၁၄'
ရက်တာ ၅၂' OG
ဂိုမက်ဇ် ၆၄'

ပထမပိုင်းမှာ အိုဒီဂတ်ရဲ့ဂိုးနဲ့ စတင်ဦးဆောင်ခဲ့တဲ့ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာတော့ ကစားပုံပျက်သွားတာကြောင့် ဘရိုက်တန်ရဲ့ထိုးဖောက်မှုတွေကိုသာ ကာကွယ်နေခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ချေပဂိုး ၂ ဂိုးစလုံးပြန်လည်ခွင့်ပြုရဖို့နီးစပ်ခဲ့ပေမယ့် ဂိုးသမားရာယာရဲ့လက်စွမ်းပြမှုနဲ့ ဘရိုက်တန်တိုက်စစ်ရဲ့အဆုံးသတ်မသေချာမှုတွေကြောင့် အနိုင် ၃ မှတ်ကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး မန်စီးတီးကို ၂ မှတ်ဖြတ်တောက်ထားနိုင်ပါတယ်။